News

POST TYPE

RELAX

တန်းတူညီမျှ အခွင့်အရေးအတွက် အီဂျစ် မိန်းကလေးတွေ အုပ်စုဖွဲ့ စက်ဘီးစီး
22-Nov-2016

အမျိုးသမီးတွေ စက်ဘီး၊ ဆိုင်ကယ် စီးတာကို ရှေးရိုးစွဲတွေက ဝေဖန်နေတာကို ဆန့်ကျင်တဲ့အနေနဲ့ အီဂျစ်မိန်းကလေးတွေဟာ မြောက်ပိုင်းမှာ စက်ဘီးစီး ဆန္ဒပြကြပါတယ်။ အီဂျစ်မှာ အမျိုးသမီးတွေ စက်ဘီးစီးတာ မြင်နေကျ မြင်ကွင်းတော့ မဟုတ်ဘဲ စီးရင်လည်း ဖြတ်သွားဖြတ်လာတွေက စိတ်အနှောင့်အယှက်မဖြစ် ဖြစ်အောင် ပြောဆိုကြပါတယ်။ ပို့ဆဒ်မြို့က မိန်းကလေး ငါးဦးကတော့ ဒီကိစ္စကို ပြောင်းလဲချင်ပါတယ်။ ဘာမှ မကွဲပြားပါဘူးလို့ နာမည်ပေးထားတဲ့ အုပ်စုဖွဲ့ အစီအစဉ်လေးကို လုပ်ဆောင်ခဲ့ပါတယ်။ အငှားယာဉ်ဈေးတွေ၊ ဘတ်စ်ကားခတွေ ဈေးကြီးလာတာမို့ ခုလိုမျိုး စက်ဘီးစီးတဲ့ အလေ့အကျင့်လေးကိုလည်း ပြန်လည် ဖော်ဆောင်ပြတာ ဖြစ်ပါတယ်။ စက်ဘီးစီး လှုပ်ရှားမှုကို မိန်းကလေးတွေသာမက ယောက်ျားလေးတွေကပါ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ လူတော်တော်များများ ပါဝင်ကြပါတယ်။ ဒါဟာ အပြောင်းအလဲရဲ့ အစပါပဲလို့ အစ္စရာဖာယာဒ်က BBC ကို ပြောကြားခဲ့ပါတယ်။ လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း ထောက်ခံမှုတွေ ရနေတဲ့ ဒီလှုပ်ရှားမှုဟာ တခြားမြို့တွေမှာလည်း လုပ်ဆောင်မှာ ဖြစ်ပါသတဲ့။

Ref : UPI 

  • VIA