News

POST TYPE

RELAX

ကြွက်သားဘာဂါ မော်စကိုမှာ ဝယ်စားနိုင်ပြီ
21-Nov-2016

အစားအသောက် အသစ်အဆန်းကိုမှ စားချင်ကြပါတယ် ဆိုတဲ့သူတွေ မော်စကိုမြို့ကို သွားလည်ကြပါလို့ ပြောပါရစေ။ ဈေးနှုန်းလည်း သက်သာ၊ အာဟာရလည်း ရှိတဲ့ ကြွက်ဘာဂါ ဝယ်ယူ စားသောက်နိုင်ပြီမို့ပါ။ ရုရှားနိုင်ငံ တောင်ပိုင်းမှာ တွေ့ရတဲ့ မြစ်ကြွက်လို့ အမည်ရတဲ့ ကြွက်ထွား အမျိုးအစားတွေနဲ့ ချက်ပြုတ်ထားတဲ့ ဘာဂါ ဖြစ်ပါတယ်။ အဲဒီ အစားအသောက်ကို ယခုနှစ် ဆောင်းဦးပေါက်မှာ မော်စကိုက စားသောက်ဆိုင်တွေမှာ ရနေပြီဖြစ်ပါတယ်။

ဆိုဗီယက်ခေတ်တုန်းက ကြွက်ကို စားကြတယ်ဆိုတာ လယ်သမားတွေ ရိက္ခာပြတ်မှ စားကြတာပါ။ ဒါပေမဲ့ အသက် ၃၅ နှစ်အရွယ် စားဖိုမှူးနဲ့ စားသောက်ဆိုင် လုပ်ငန်းရှင် တက်ခ်ဟီရာ ခိုလစ်ဘာဒီယက်ဗ် ကတော့ တခြား အမြင်ရှိပါတယ်။ ဒီမြစ်ကြွက် အမျိုးအစားတွေနဲ့ ညစာ ဟင်းလျာတွေ ဖန်တီးဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ကရက်စ်နိုဒါဘစ်ထရို စားသောက်ဆိုင်ကို ဖွင့်ခဲ့ပြီး တောင်ပိုင်းဒေသကို ဂုဏ်ပြုပြီး ဒီနာမည်ပေးတာ ဖြစ်ပါသတဲ့။ အဲဒီကြွက် အမျိုးအစားတွေဟာ သန့်ရှင်းပြီး ကောက်နှံစားကာ အိုမီဂါသရီးလိုမျိုး အာဟာရ ဓာတ်တွေ ပါဝင်တယ်လို့ ဆိုထားပါတယ်။ 

Ref  : UPI

  • VIA