News

POST TYPE

RELAX

ဒေါက်တာထွန်းဝင်းနှင့် တွေ့ဆုံခြင်း
20-Nov-2016

အစိုးရသက်တမ်း ခုနစ်လကျော် ကာလအတွင်း ပထမဆုံးအကြိမ် တာဝန်မှ ရပ်စဲခြင်း ခံလိုက်ရသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းဝင်းကို The Voice နှင့် မီဒီယာများက နေအိမ်ရှေ့တွင် သွားရောက် တွေ့ဆုံမေးမြန်း ခဲ့သည်များကို စုစည်းဖော်ပြ အပ်ပါသည်။


Dr HW : ကျွန်တော်ကတော့ တိုင်းပြည် အတွက်ပဲ၊ စိုက်ပျိုးရေး ဝန်ကြီးဌာနမှာ လုပ်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော် အမေရိကန် စိုက်ပျိုးရေး ဝန်ကြီးဌာနမှာ လုပ်ခဲ့တဲ့ USDA မှာလုပ်ခဲ့တဲ့ သုံးနှစ် အတွေ့အကြုံ၊ ပုဂ္ဂလိက ဂျာမန် ကုမ္ပဏီ BASF မှာ လုပ်ခဲ့တဲ့ ၂ နှစ်ကျော် ဒီလို လုပ်ခဲ့တဲ့ နှစ်လေးဆယ်ကျော် အတွေ့အကြုံတွေက စိုက်ပျိုး မွေးမြူရေးနဲ့ သစ်တော ဝန်ကြီး ဌာန တစ်ခုလုံးကို ဘယ်လို လုပ်မလဲဆိုတာ ကျွန်တော့်မှာ အိပ်မက်ကို အကောင်အထည်ဖော်ခွင့် ရသလိုပဲ၊ တိုင်းပြည်က နှစ် သုံးဆယ်လုပ်ကတည်းက ဘာမှ မထူးခြားဘူး၊ မထူးခြားဘူး ဆိုတာက ကိုယ်လုပ်ချင်တိုင်း လုပ်ခွင့် မသာခဲ့ဘူးပေါ့ဗျာ၊ လုပ်ချင်တိုင်း လုပ်လို့ မရဘူးဗျ၊ ဘောင်ဝင်မှ လုပ်လို့ ရတာ၊ ကျွန်တော့်ကို ဒီလို ပေးအပ်လိုက်တဲ့ အခါကျတော့ မြန်မာပြည်ရဲ့ ဝင်ငွေကို တိုးစေနိုင်တဲ့၊ လူတွေရဲ့ စွမ်းအင်ကို ဖြည့်ဆည်းပေးနိုင်တဲ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်း တစ်ခုလုံးကို လုပ်ပိုင်ခွင့် ပေးလိုက်တဲ့အခါမှာ အိပ်မက်ကို အကောင်အထည်ဖော်ခွင့် ရပြီဆိုပြီးတော့ ယုံကြည်ချက်ရှိရှိ ဘယ်လို လုပ်ရမယ်ဆိုတာ ကျွန်တော် သိတယ်၊ ဒီအိမ်ထဲမှာ နှစ် လေးဆယ်လောက် နေခဲ့တော့ ဒီအိမ်ထဲမှာ ဖြစ်နေတာတွေကို ကျွန်တော် ကောက်ပြီးတော့ တိုင်းပြည်အတွက် အလျင်အမြန် ပြောင်းလဲချိန် တန်ပြီဆိုတဲ့အတိုင်း အလျင်အမြန် လုပ်ချင်တာပေါ့၊ စိတ်ထဲမှာ ရှိတဲ့အတိုင်း အရင်တုန်းက လုပ်ခွင့်မရခဲ့တာတွေ လုပ်ခွင့်ရပြီးဆိုပြီး ကျွန်တော် လုပ်မလို့ လုပ်ဆဲပေါ့၊ ဒါတွေကို ရှေ့တန်း တင်ပြီးတော့ လုပ်ဆဲမှာ ကျွန်တော် တင်ပြတဲ့ တိုင်းပြည်အတွက် ပြောင်းလဲသင့် ပြောင်းလဲထိုက်တဲ့ အရေးကြီးတဲ့ အဆို သုံးရပ်ပေါ့၊ ဒီအဆို သုံးရပ်က သာမန် အဆို မဟုတ်ဘူး၊ အစိုးရ တာဝန် မရခင်က ၂၀၁၃ ကနေ ၂၀၁၅ အထိကို NLD က ဖွဲ့စည်းထားတဲ့ လယ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဆရာ ဦးညီပု(ရခိုင် ဝန်ကြီးချုပ်) ကနေပြီးတော့ Adviser အနေနဲ့ ခန့်တာ၊ တချို့ကလည်း ကျွန်တော် ဒီမှာ ဘာဖြစ်မယ် ညာဖြစ်မယ်ပေါ့၊ ကျွန်တော်လည်း ဘာမှ မဖြစ်ပါဘူး၊ မဖြစ်သော်လည်း ကျွန်တော်က ဒါလေးကို လက်ထဲ ကိုင်ထားပြီးတော့မှ နေတာပေါ့၊ ဖြစ်တဲ့သူတွေကတော့ ဦးညီပုတို့၊ ဦးဘမျိုးသိန်းတို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ကြတော့ ကျွန်တော် လုပ်ခွင့် မသာခဲ့ဘူး၊ ကျွန်တော့်ကို ဒု-ဝန်ကြီးလည်း ပေးရော ကျွန်တော် ဝမ်းသာအားရနဲ့ ကျွန်တော် ဒီမူဝါဒလေးကို အကောင်အထည် ဖော်ခွင့်ရပြီ၊ နိုင်ငံတော်အတွက် မူဝါဒကို အကောင်အထည် ဖော်ဖို့ ဝန်ကြီးနဲ့ တိုင်ပင်ပြီး အကောင်အထည် ဖော်ဖို့ တင်ပြတယ်၊ တင်ပြတဲ့အခါကျတော့ ဒီမူဝါဒထဲမှာ ပါတဲ့ သုံးချက်ဖြစ်တဲ့ ဆည်တွေ အများကြီး ဆောက်ခဲ့တယ်၊ ဆည်ပေါင်း ၅၀၀ ကျော်တယ်၊ ဆည်တွေသည် မဆလခေတ်က စလို့ပေါ့၊ မိုးတွင်းမှာ စိုက်တာလောက်ပဲ အောင်ရေ ပေးရတယ်၊ နွေစပါးတွေ စိုက်တဲ့အခါ လယ်သမားတွေ တစ်တိုင်းပြည်လုံး ဒီအတိုင်းပဲ၊ မိုး စပါးက ဧက ၁၇ သန်း စိုက်တယ်၊ နွေစပါးက သုံးသန်း စိုက်တယ်၊ ဒီငါးရှဥ့် နှစ်ကောင် လွတ်နေတယ်၊ တစ်တိုင်း ပြည်လုံးရဲ့ ဘတ်ဂျက်ကို ယူပြီးတော့ ဆောက်ထားတဲ့ ဆည် ၅၀၀ ကျော်က နွေစပါးကို ဦးစားပေးမယ် ဆိုရင် တစ်သန်းလောက်ပဲ ဦးစားပေးတဲ့ သဘောဖြစ်နေတယ်၊ ဘာကြောင့် မိုးစပါးကို ဦးစား မပေးသလဲ ဆိုရင် မိုးမရလို့ အချိန်မှန် ပေးနေတာ မဟုတ်၊ မိုးဖျက်တဲ့ကာလမှာ ရေငတ်တဲ့ဟာတွေ ရှိတယ် တစ်တိုင်းပြည်လုံးမှာ၊ ငါးရှဥ့် နှစ်ကောင် ဖမ်းတဲ့အခါမှာ ၁၇ သန်းသော ငါးရှဥ့်ကို ဖမ်းမလား၊ နွေ တစ်သန်းကို ဖမ်းမလား၊ မိုးတွင်းမှာ လယ်တွေ အားလုံးကို ရေတွေ ပေးနိုင်ဖို့ကို ပြီးခဲ့တဲ့ တစ်ပတ်ကျော်လောက်က လွှတ်တော်မှာ နောက်ဆုံးနေ့မှာ လွှတ်တော်မှာ တင်ဖို့ ဥက္ကဋ္ဌ နှစ်ယောက် အတည်ပြုချက်ကို ရခဲ့တယ်၊ ဒီဟာကို မူဝါဒမှာ ရေးတယ်၊ ရေးပြီး တင်တဲ့အခါမှာ မူဝါဒ သုံးခုလုံးကို ပယ်တယ်၊ ရေပေးဝေရေး မူဝါဒကို ရေးဆွဲပြီး ဝန်ကြီးကို တင်ပြတဲ့အခါမှာ ဒါကို ဆည်မြောင်းဌာနက ညွှန်ချုပ်က ကန့်ကွက်တယ်၊ သူကလည်း ညွှန်ချုပ် ကန့်ကွက်တဲ့အတိုင်း ပယ်တယ်ပေါ့၊ ဘာကြောင့် ပယ်လဲလို့ မေးတဲ့အခါမှာ တစ်ပြည်လုံးမှာ ရှိတဲ့ ဆည်တွေက ဆရာ သိဖို့ ကောင်းတာက ရေဆင်းဆည်သည် သီးနှံတွေ မပေးတော့ဘူး၊ သောက်သုံးရေပဲ ပေးတော့တယ်၊ သောက်သုံးရေပဲ ပေးတဲ့အတွက် မိုးတွင်းမှာ ရေပေးရမယ့် အဆိုသည် ရေဆင်းဆည်သည် မပါတဲ့အတွက် အားလုံး အကျုံး မဝင်နိုင်ဘူး၊ အဲတော့ ပယ်တယ်၊ ဆည်ငါးရာကို ကြည့်မလား၊ ရေဆင်းဆည် တစ်ဆည်အတွက် အများ အကျိုးကို ကြည့်မလား၊ လူပြိန်းတွေတောင် သိတယ်နော်၊ 

ဒုတိယအချက် ပယ်တာက အချိန်အခါ မဟုတ် ရွာသွန်းတယ်၊ အခုလည်း အချိန်အခါ မဟုတ် မိုးရွာတယ်၊ ငါးကန်၊ ပုစွန်ကန်တွေဟာ ရေလွှမ်းတယ်၊ ငါးကန်၊ ပုစွန်ကန်တွေ ရေဖုံးသွားတော့ ဆုံးရှုံးတယ်၊ ပြည်သူတွေဟာ ငါး၊ ပုစွန်နဲ့ပတ်သက်လို့ ဈေးကြီးပေး စားရတယ်၊ ဒါတွေကို ကျွန်တော်တို့ ဘယ်လို ပြန်ယူနိုင်သလဲ ဆိုတော့ ဆည်တွေပဲဗျ၊ ဆည် ငါးရာကျော် ရှိတယ်၊ ဆည်တွေမှာ ငါးမွေးမယ်ဆိုရင် အချို့နိုင်ငံတွေမှာ ဆည်တွေမှာ ငါးမွေးပြီးတော့ ထုတ်ကုန်အဖြစ် ရောင်းချကြတယ်၊ ကျွန်တော်က အတွေ့အကြုံရှိတယ်၊ ဆည်တွေမှာ ငါး မွေးနိုင်အောင် ကျွန်တော်က အဆို တင်တယ်၊ တင်တဲ့အခါမှာ ဆည်ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်က ဆည်မှာ ဥပဒေ ရှိတယ်၊ ငါးမမွေးရ၊ ငါးမမျှားရ၊ ဥပဒေအရ လုပ်လို့မဖြစ်ဘူး၊ ဥပဒေဆိုတာ ပြင်လို့ ရတာပဲဗျာ၊ ဒါကြီးကို သက်သက်မဲ့ အကြောင်းပြပြီး ပယ်တာပေါ့ဗျာ၊ ဆည်ထဲမှာ ငါးမွေးခွင့်ရရင် ဘာတွေ အကျိုးရှိမလဲ၊ တောင်သူလယ်သမား ကျေးလက် လူတန်းစားတွေ ၇၀ ရာခိုင်နှုန်းကျော် ရှိတယ်၊ အဲ့ဒီ ၇၀ ရာခိုင်နှုန်းထဲကမှ လယ်ပိုင်တာ ၂၀ ရာခိုင်နှုန်း ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်၊ ကျန်တဲ့ ၇၀၊ ၈၀ ရာခိုင်နှုန်းက လယ်ပိုင် မရှိဘူး၊ ကြုံရာကျပန်း ရှာဖွေ စားသောက်နေတဲ့သူတွေ ဒီလူတန်းစားတွေ ဆင်းရဲနေတယ်၊ ဒီလူတန်း စားတွေကို ပြန်ကြည့်ဖို့ ဆိုရင် သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုတယ်၊ ဆည်ဘောင် မထိခိုက်အောင် ---- နဲ့ မွေးပြီးတော့မှ မြန်မာနိုင်ငံရဲ့ စားဝတ်နေရေး အသားငါးတွေ စားပြီးတော့ အာဟာရတွေ တိုးတက်လာမယ်၊ ဝင်ငွေ တိုးလာမယ်၊ လူတွေ တစ်နေရာကနေ တစ်နေရာကို ရွှေ့ပြောင်းပြီးတော့ ရွှေ့ပြောင်း လုပ်သားတွေ ၆ သန်းလောက် ရှိတယ်၊ ထိုင်း၊ မလေးရှား အဲ့ဒီမှာ ကျွန်သဖွယ် လုပ်ကိုင်နေရတဲ့သူတွေကို ပြန်ခေါ်လို့ ရတယ်၊ ဒီလုပ်ငန်းက တော်တော် ကြီးကျယ်တဲ့လုပ်ငန်း၊ တစ်တိုင်းပြည်လုံးမှာရှိတဲ့ ဆည်တွေ အားလုံး ပြည်သူတွေကို အစုအဖွဲ့နဲ့ သမဝါယမ စနစ်နဲ့ ငါးလုပ်ငန်းကို မွေးနိုင်မယ် ဆိုရင် ပြည်သူတွေ အဆင်ပြေတယ်၊ အာဟာရ တိုးတက်လာမယ်၊ ဒီဟာကို ရည်ရွယ်ပြီး အဆိုကို တင်တာ၊ ဆည်နဲ့ ပတ်သက်တဲ့ အကြီးဆုံးအရာရှိက ပယ်တယ်တဲ့၊ ပယ်တော့လည်း ဝန်ကြီးက ပယ်တယ်၊ အခုချိန်မှာ မြန်မာပြည်အတွက် အရေးကြီးဆုံးသော အလုပ်တွေ လုပ်ဖို့၊ တိုင်းပြည်မှာ ခါးသီးစွာ ခံစားနေရတဲ့ လယ်သမားနဲ့ အလုပ်သမားနဲ့ အလုပ်လက်မဲ့ လူတန်းစား အားလုံးသာ ကျွန်တော် ပြောချင်တာက ပြောင်းလဲချိန် တန်ပြီ ဆိုတဲ့ အစိုးရရဲ့ ပြောင်းလဲသင့်တဲ့ဟာကို အစိုးရသစ် လက်ထက်မှာ ပြောင်းလဲမယ် ဆိုရင်တော့ ကျွန်တော်တို့ အစိုးရသစ်အတွက် နာမည်ကောင်းပေါ့။

အဲ့ဒီအချိန်မှာ သူက DG တွေ လစဉ် အစည်းအဝေးမှာ ခုံကို ထုပြီးတော့မှ ကြိမ်းမောင်းတယ်၊ ဒီဌာနမှာ ငါးနှစ် ကျောင်းဆရာပေါင်း နှစ်သိန်းကျော်ကို အုပ်ချုပ်ခဲ့တယ်၊ ခင်ဗျား အေးအေးဆေးဆေး စောင့်ကြည့် ကျွန်တော် လေ့လာနေတုန်းလို့ သူက အဲ့လို ပြောတာ၊ ကျွန်တော် ပြန်ကြားတာ ကောလာဟလပေါ့ဗျာ၊ ကျွန်တော်က ခုံထုပြီးတော့ ပြန်ခံပြောတယ် ဆိုပြီးတော့ပေါ့၊ နိုင်ငံတော် အကြီးအကဲတွေအထိ ရောက်သွားတယ်၊ ကျွန်တော်က ပြန်ဖြေရှင်းခွင့် မရှိဘူးလေဗျာ၊ အခု ထုတ်ပယ်သည်အထိ ဖြေရှင်းခွင့် မရှိဘူး၊ ကျွန်တော် ခေါ်ယူ စစ်ဆေးခြင်း မေးမြန်းတာ ဟုတ်လား မဟုတ်ဘူးလား ဆိုတာ နှစ်ယောက်လုံး မျက်နှာ ဆုံပြီးတော့ ဖြေရှင်းခွင့် မရှိဘူး၊ DG တွေပါ သက်သေ ရှိတယ်။ 

ဒုတိယ အကြောင်းက ---- အကြောက်တရား ခေတ်ကို ပြန်ရောက်သွားမယ်၊ အမှန်တရားက လမ်းဘေး ရောက်သွားမယ်၊ အဓိကတော့ အမှန်တရား မကြိုက်တဲ့ လူတန်းစား တစ်ရပ်ရှိတယ်၊ အရင် အစိုးရရဲ့ အုပ်ချုပ်ရေးမှာ အမြင့်ဆုံးလူတွေပေါ့၊ ဒီလူတွေသည် ဒီကိစ္စမှာလည်း ပါဝင် ပတ်သက်မှု ရှိတယ်၊ ကျွန်တော်က အမှန်တရား လုပ်တဲ့သူဆိုတော့ ဝန်ကြီးနားမှာ ဝေးသထက် ဝေးအောင် လုပ်နေတယ်၊ ပယ်တဲ့ပြုတဲ့ ကိစ္စတွေဟာ ကျွန်တော်နဲ့ ဝန်ကြီးကြားမှာ ပိုပြီးတော့ ဝေးကွာ သွားစေတယ်၊ ဝန်ကြီးကလည်း ပယ်တဲ့အပေါ်မှာ ဘာကြောင့် ပယ်တယ်ဆိုတဲ့ အကြောင်းပြချက် မခိုင်လုံတော့ သူသည် bias ဖြစ်သွားတာပေါ့၊ အုပ်စု နှစ်ခု ကွဲသွားသလို ဖြစ်သွားတာပေါ့၊ မလုပ်ရင်လည်း နွားတစ်ကောင်နဲ့ သားအဖ နှစ်ယောက်လို ပြောရင် ပြောနေမှာ၊ မလုပ်ရင်လည်း ပြောမယ်၊ အခုဟာက လုပ်တဲ့အတွက်ကြောင့် ပြောတာ၊ ဒီအိမ်မှာ နေဖူးတဲ့သူသာလျှင် ဒီအိမ်မှာ လာကောက်လုပ်မယ် ဆိုတာ သိတာကို၊ ဦးဝင်းထိန်၊ ဦးဝင်းထိန်က သူ့အခန်းကို ခေါ်ပြီးတော့ ဒေါက်တာ ထွန်းဝင်း ခင်ဗျား ဒီကနေ ပြန်ရင် သမ္မတဆီ နုတ်ထွက်စာ တင်ပြီးတော့ နေပြည်တော် ကောင်စီမှာ အလားတူ ရာထူးပဲဗျာ၊ ဒါပေမဲ့ လုပ်ပိုင်ခွင့်ကတော့ ကျဉ်းကျဉ်းလေးပေါ့၊ အဲ့ဒီမှာ လုပ်ပါ၊ ဦးဝင်းထိန်က နေပြည်တော် ကောင်စီ လုပ်စေချင်တယ်၊ ဆရာပြောတဲ့ နေပြည်တော် ကောင်စီမှာ အဆင် မပြေဘူး၊ ကျွန်တော် နေရာအတွက် လာတာ မဟုတ်ဘူး၊ အပင်ပန်းခံပြီး အလုပ် လုပ်ဖို့လာတာ၊ ကျွန်တော့်အတွက် နေရာနဲ့ ရာထူးသည် ပြဿနာ မရှိဘူး၊ ကျွန်တော့်ကို စဉ်းစားခွင့် တစ်ပတ် တောင်းတယ်၊ အဲ့ဒီအချိန် နယ်တွေမှာ လျှောက်ပြီးတော့ သမဝါယမ လယ်ယာဖွဲ့စည်းရေး၊ သမဝါယမ စိုက်ပျိုးရေး ဖွဲ့စည်းရေး လယ်သမားတွေနဲ့ ဖွဲ့တယ်၊ အဲ့ဒီမှာ သူက အာရုံ နောက်တယ်ဆိုပြီး ဖုန်းဆက်ပြီး ပြန်ခေါ်ပြန်ရော၊ ခင်ဗျား ဘာတွေ လုပ်နေတာလဲ၊ ကျွန်တော် ပြောတဲ့အတိုင်း မစဉ်းစားသေးဘူးလား၊ ဒီတစ်ခါ ခေါ်ရင်တော့ ဝန်ကြီးဆီ သွားပြီး တောင်းပန်ဦးမှပဲ ဆိုပြီး တောင်းပန်ပြန်ရောဗျ၊ ဝန်ကြီးခင်ဗျာ ဝန်ကြီးနဲ့ ဖြစ်ခဲ့တာတွေကို ခွင့်လွှတ်နိုင်မယ်ဆိုရင် ကျွန်တော် ဆက် လုပ်ချင်ပါတယ် ဆိုပြီးတော့ပေါ့၊ ဝန်ကြီးကလည်း ခွင့်လွှတ်ပါတယ်၊ ခင်ဗျားနဲ့ ဆက်လုပ်ချင်ပါတယ် ပြောတော့ အဲ့ဒီတစ်ပတ် အတွင်းမှာ ကျွန်တော် ဆက်လုပ် ဖြစ်တာပေါ့၊ အဲ့ဒါနဲ့ အန်ကယ် ဝန်ကြီးက ဆက်လုပ် ပြောတယ်၊ အဆင်ပြေပါတယ်ပေါ့၊ သူက ကျွန်တော် ထွက်သွားပြီလို့ ထင်နေတယ်၊ ခင်ဗျား ထွက်သွားပြီ ဥစ္စာ ဘာတွေ လျှောက်လုပ်နေတာလဲ၊ ဘာလို့ အာရုံ နောက်နေတာလဲ၊ နယ်တွေမှာ ခင်ဗျား ရုတ်ရုတ် ရုတ်ရုတ်နဲ့၊ ကျွန်တော်က ပြောတာပေါ့၊ ဝန်ကြီးနဲ့ အဆင်ပြေသွားပြီလို့ ပြောတော့၊ မဟုတ်ဘူး ခင်ဗျား ထွက်ကို ထွက်ရမယ်၊ ထွက်တဲ့ အကြောင်းအရင်း ကျွန်တော်သိမှ ဖြစ်မှာပြောတော့ ခင်ဗျားမှာ ဘာကြောင်းမှ မရှိဘူးဗျာ၊ ဥပဒေကြောင်းအရတောင် ရှာလို့မရဘူးဗျာ၊ ဒါပေမဲ့ ခင်ဗျား ထွက်ဖို့ပဲဗျာတဲ့ သူက အဲ့လိုပြောတယ်၊

Voice : အန်ကယ် လုပ်ခဲ့တဲ့ ဒုဝန်ကြီး သက်တမ်းမှာ ညွှန်ချုပ်တွေ၊ အတွင်းဝန်တွေက အန်ကယ် ချခဲ့တဲ့ မူဝါဒနဲ့ ညီညွတ်မှု ရှိလားဗျ။
Dr HW : မညီညွတ်ဘူးလေ။

Voice : အဲလိုဆိုရင် ဝန်ကြီးဌာနတွေကို ဘယ်လို ထားသင့်တယ်လို့ ထင်လဲဗျ။
Dr HW : ဒါကတော့ အားလုံး ပြောနေကြတာပဲနော်၊ ဆရာကြီး ဦးဝင်းထိန်ကတော့ ပြောတယ်။ အတွင်းဝန်တွေ ညွှန်ချုပ်တွေကို အရေး ယူသင့်တယ်လို့လေ။

Voice : လက်ရှိ ဦးဝင်းထိန်က အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်မှာ အဖွဲ့ဝင်၊ ပါတီမှာတော့ အတွင်းရေးမှူး ဖြစ်နေတယ်။ ခု အန်ကယ်ကို ဖြုတ်လိုက်တဲ့ အခြေအနေပေါ်မှာ ပါတီနဲ့ အန်ကယ် ဦးဝင်းထိန်အပေါ် ဘယ်လို သဘောထား မြင်လဲဗျ။
Dr HW : ကျွန်တော်တို့ကတော့ လူထုကို ကိုယ်စား ပြုတဲ့ပါတီ တစ်ခုအဖြစ်တော့ တန်ဖိုးထားဆဲပါ၊ ပါတီ မပြိုကွဲအောင် ကျွန်တော်တို့ ထိန်းသိမ်းရမှာပေါ့၊ ကျွန်တော့်ကြောင့် ဖြစ်တာကိုတော့ မလိုလားဘူး၊ ကျွန်တော်ကလည်း ကျွန်တော် အမှန်နဲ့ ကျွန်တော် ရှိတယ်၊ အမှန်ကြိုက်တဲ့ ပရိသတ် ရှိတယ်၊ ပရိသတ်က တောင်းဆိုမှုကို ဘာလဲ၊ ဘာကြောင့်လဲ ဆိုတာကို သူတို့ဖြေဖို့ လိုတယ်။ 

Voice : နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆီကို တင်ပြမယ့်ကိစ္စရော ရှိလားဗျ။
Dr HW : ကျွန်တော် တင်ပြလိုစိတ် မရှိတော့ဘူး။

အောင်ထက်

  • VIA