News

POST TYPE

RELAX

ခြင်္သေ့တွေနဲ့ ဓာတ်ပုံ တွဲမရိုက်ဖို့ ဂျက်စတင်ဘီဘာကို သတိပေး
27-Jul-2016
ကနေဒါနိုင်ငံ တိုရွန်တိုမြို့ရဲ့ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အာဏာပိုင်တွေက ကမ္ဘာကျော် ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာကို တိုရွန်တိုမြို့သို့ လာတဲ့အခါ ခြင်္သေ့ပေါက်ကလေးတွေနဲ့ ဓာတ်ပုံ တွဲမရိုက်ဖို့ သတိပေး လိုက်ပါတယ်။

တိရစ္ဆာန်တွေကို မြို့တွင်းမှာ ထားရှိတာဟာ ဥပဒေနဲ့ မညီကြောင်း ဂျက်စတင်ဘီဘာရဲ့ မန်နေဂျာထံ Island Def Jam Group က သတိပေးစာ ပို့ခဲ့တာပါ။

ဂျက်စတင်ဘီဘာဟာ တိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီး နာမည်ပျက် ရှိခဲ့ဖူးသလို ပါတီတစ်ခုမှာ ခြင်္သေ့ပေါက်ကလေးတွေနဲ့ ဆော့ကစားနေတာကို ဓာတ်ပုံ ရိုက်ပြီး တင်ခဲ့ဖူးပါတယ်။

ဒါ့အပြင် သူ့ရဲ့အဖေအတွက် ကျင်းပတဲ့ ပါတီပွဲ တစ်ခုမှာလည်း ကျားတစ်ကောင်ကို သံကြိုးခတ်ပြီး ဓာတ်ပုံ ရိုက်ခဲ့ဖူးပါတယ်။

ဂျက်စတင်ဘီဘာအနေနဲ့ သတိပေးစာအပေါ် ဘာမှ မတုံ့ပြန်သေးသလို သူ့ရဲ့ကိုယ်စားလှယ်တွေကလည်း သတင်း တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Ref: CBC.CA


  • VIA