News

POST TYPE

RELAX

အနုပညာဘက်ကို ဦးစားပေးနေတဲ့အတွက် အချစ်ရေးကို မစဉ်းစားသေးဘူး ဆိုတဲ့ ရွှေသမီး
27-Jul-2016

ရန်ကုန်၊ ဇူလိုင် ၂၆

လက်ရှိမှာ အနုပညာ အလုပ်ဘက်ကိုဦးစားပေးပြီး ကြိုးစားနေရတဲ့အတွက် အချစ်ရေးဘက်ကို မစဉ်းစားသေးပါဘူးလို့ လူငယ် သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ရွှေသမီးက The Voice ကို ပြောကြားပါတယ်။

''ညီမရဲ့အကျင့်က ကိုယ်စိတ်ဝင်စားတာ တစ်ခုရှိရင် ကျန်တဲ့အရာတွေဘက်မှာ အားလျော့ သွားတတ်တယ်။ အခုချိန်မှာ ညီမက အနုပညာ အလုပ်ဘက်ကို ပိုပြီး စိတ်ရောက်နေတာ ဖြစ်တဲ့အတွက် အချစ်ရေးဘက်ကို စိတ်မဝင်စားသေးဘူး။ ကိုယ် စိတ်ဝင်စားတာ တစ်ခုရှိရင် ညီမက ကျန်တာတွေကို အကုန် မေ့တယ်''လို့ အချစ်ရေးကို မစဉ်းစားဖြစ်သေးတဲ့ အကြောင်းရင်းကို ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။

ကိုယ့်ကိုချစ်ခင်လို့ ပိုးပန်းလာကြတဲ့ လူတွေ ရှိပေမယ့်လည်း အနုပညာ အလုပ်ဘက်မှာ အောင်မြင်မှုရဖို့ ကြိုးစားနေတဲ့ အချိန်ဖြစ်တဲ့အတွက် အချစ်အကြောင်း မစဉ်းစားဖြစ်သေးတဲ့အကြောင်းက ယဉ်ယဉ်ကျေးကျေး ပြောပြပြီး ငြင်းဆန်ဖြစ်ကြောင်း ရွှေသမီးက ပြောကြားပါတယ်။

''ညီမ ဘဝမှာ အသည်း မကွဲဖူးသေးဘူး။ အသည်းကွဲရမှာကို ကြောက်လို့လားတော့ မသိဘူး။ ရည်းစားလည်း မထားဖြစ်သေးဘူး။ ကိုယ့်ကိုချစ်ကြောင်း ကြိုက်ကြောင်း လာပြောတဲ့လူတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ကိုယ့်အပေါ် တကယ် အချစ်စစ်နဲ့ ချစ်တဲ့သူ မတွေ့သေးဘူးလို့တော့ ထင်တယ်။ ဒါကတော့ ညီမအမြင်ပေါ့''လို့ ၎င်းက ဆိုပါတယ်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေ နဲ့ကတော့ အနုပညာပျိုးခင်းက ဆရာတွေနဲ့ ဗီဒီယို ဇာတ်ကားတွေ ရိုက်ဖို့ရှိပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးမယ့် ယတြာ ရုပ်ရှင် ဇာတ်ကားမှာတော့ သရုပ်ဆောင် အားသစ်နဲ့အတူ ပါဝင် သရုပ်ဆောင်ဖို့ရှိကြောင်း ရွှေသမီးက ဆိုပါတယ်။



  • VIA