News

POST TYPE

RELAX

ဒရိတ်ခ်၏ One Dance သီချင်း အရောင်းရဆုံး စာရင်းတွင် ၁၅ ပတ်ဆက် ထိပ်ဆုံးတွင် ရပ်တည်
27-Jul-2016

ရက်ပ်အဆိုတော် ဒရိတ်ခ်၏ “ One Dance” တေးသီချင်းသည် ဗြိတိန်တစ်ကိုယ်တော် တေးဂီတ ဇယားတွင် နံပါတ် တစ်နေရာ၌ သီတင်းပတ် ၁၅ ပတ် ဆက်တိုက် ရပ်တည်လျက်ရှိသည်။

“One Dance”သည် ဇယားတွင် ထိပ်ဆုံးမှ ကာလကြာရှည် ရပ်တည်မှု စံချိန်ကို ချိုးဖျက်ရန် သီတင်းပတ် နှစ်ပတ်သာ လိုတော့သည်။

ဘရိုင်ယန်အဒမ်၏ တစ်ကိုယ်တော် တေးသီချင်း “ Everything I Do ( I Do It For You)” တေးသီချင်းသည် လက်ရှိ အချိန်တွင် နံပါတ် တစ်နေရာတွင် အချိန် အကြာဆုံး ရပ်တည်နိုင်သည့် စံချိန်တင်ထားပြီး ၁၉၉၁ ခုနစ်က သီတင်းပတ် ၁၆ ပတ်ကြာ နံပါတ် တစ်နေရာတွင် ရပ်တည်ခဲ့သည်။

နံပါတ် တစ်နေရာတွင် သီတင်းပတ် ၁၅ ပတ်ကြာ နေရာယူထားသော နောက်ဆုံး တေးသီချင်းသည် “Wet Wet Wet’s Love Is All Around” ဖြစ်ပြီး ၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့သည်။

“One Dance” တေးသီချင်းသည် ယခု သီတင်းပတ်တွင် နားဆင်သူ ၄ ဒသမ ၃၃ သန်း ရှိခဲ့သည်။

ဗြိတိန် တစ်ကိုယ်တော် တေးဂီတ ဇယားတွင် ဂျိုနက်စ်ဘလူး၏ “ Perfect Strangers” တေးသီချင်းက နံပါတ် ၂ နေရာ ၊ Chainsmokers အဖွဲ့၏ “Don’t Let Me Down” တေးသီချင်းက နံပါတ် ၃ နေရာတွင် ရပ်တည်နေပြီး ကာလမ်စကော့၏ “Dancing On My Own” တေးသီချင်းက နံပါတ် ၄ နေရာတွင် ရပ်တည်နေကာ ကောင်းစ်၏ “This Girl” တေးသီချင်းက နံပါတ် ၅ နေရာတွင် ရပ်တည်လျှက် ရှိသည်။

Ref: BBC



  • VIA