News

POST TYPE

RELAX

ကျောင်းသူတစ်ဦးနဲ့ ဆရာမတစ်ဦးပဲ ရှိတဲ့ကျောင်း
01-Dec-2018


အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ဝိုင်ယိုမင်ပြည်နယ်က ကျေးလက်ဒေသတစ်ခုမှာ ထူးခြားတဲ့ ကျောင်းလေးတစ်ကျောင်းရှိတယ်။

ထိုကျောင်းမှာ ဆရာမကလည်း တစ်ဦးပဲ ရှိပြီး ကျောင်းသူကလည်း တစ်ဦးပဲ ရှိတာဖြစ်ပါသတဲ့။

ကျောင်းသူလေးရဲ့အမည်ကတော့ ကော်နီဂါဘီဖြစ်ပြီး ဆရာမကတော့ လီဆာဂီယာရီဖြစ်ပါတယ်။ ကော်နီဟာ ညီအစ်ကို မောင်နှမမွေးချင်းမရှိဘဲ တောင်ပေါ်ဒေသ မွေးမြူရေးခြံကြီးထဲမှာ နေထိုင်တာ ဖြစ်ပါတယ်။ 

အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ ကလေးတိုင်းဟာ အစိုးရကျောင်း တက်ပိုင်ခွင့်ရှိရမယ်ဆိုတဲ့ အယူအဆကို အခြေခံပြီး အဆိုပါကျောင်းသူလေးအတွက် ဝေးလံခေါင်ဖျား ကျေးလက်ဒေသမှာ ကျောင်းသွားဖွင့်ပေးထားတာ ဖြစ်ပါတယ်။

ကော်နီရဲ့ မိသားစုနေထိုင်တဲ့ ရပ်ရွာမှာ ဘာကျောင်းမှမရှိဘဲ အနီးဆုံး ကျောင်းကိုသွားဖို့ တစ်နာရီခွဲလောက် ကားမောင်းရပါတယ်။ ဆောင်းရာသီမှာဆိုရင် လမ်းက အဲဒီလောက် မကောင်းပါဘူး။ 

ဒေသဆိုင်ရာ အာဏာပိုင်တွေက ကျောင်းပြုလုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး မြင်းဇောင်းတစ်ခုရဲ့ ဒုတိယထပ်ကို စာသင်ခန်းအဖြစ် ဖန်တီးပေးထားပါတယ်။

F-02