News

POST TYPE

RELAX

၂၀၁၆ MTV ဂီတဆု ဆန်ကာတင် စာရင်းတွင် တေလာဆွစ် မပါ
27-Jul-2016

ယမန်နေ့ (ဇူလိုင် ၂၆ ရက်) က ထုတ်ပြန်သည့် ၂၀၁၆ MTV ဂီတ ဆုပေးပွဲတွင် တေလာဆွစ် အမည်စာရင်း မပါရှိဟု MTV ၏ ထုတ်ပြန်ချက်အရ သိရသည်။

US Weekly ၏ Facebook Live မှတစ်ဆင့် ဇူလိုင် ၂၆ ရက် (အင်္ဂါနေ့) တွင် MTV ဂီတ ဆုပေးပွဲ ဆန်ကာတင် အမည်စာရင်း ထွက်ပေါ်လာခဲ့ပြီး ဘီယွန်းဆေးက သူ၏ Lemonade တေးအယ်(လ်)ဘယ်မှ ၁၁ ဆု၊ အဒဲ(လ်)မှ “hello” နဲ့ “send my love” သီချင်းတို့ဖြင့် ရှစ်ဆု ဆန်ကာတင် စာရင်း ဝင်ခဲ့သည်။

သို့သော် ပြီးခဲ့သည့်နှစ်က သူ၏ “bad blood” အမည်ဖြင့် ဆန်ကာတင်ဆု ၁၀ ဆု စာရင်းဝင်ခဲ့သည့် တေလာဆွစ်မှာ ယခုနှစ်တွင် မည်သည့်ဆုမျှ ဆန်ကာတင် စာရင်း မဝင်သည့်အတွက် အံ့သြမိမည်ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် ထွက်ခဲ့သည့် သူမ၏ ၁၉၈၉ တေးအယ်(လ်)ဘယ်ဖြင့် ၂၀၁၅ ခုနှစ်တွင် ဆုများစွာ ရရှိခဲ့သည့်အတွက် ယခုနှစ် ဆန်ကာတင် စာရင်း မဝင်ရတာ ဖြစ်နိုင်သည်ဟု ဆိုသည်။

Ref : Usmagazine.com



  • VIA