News

POST TYPE

RELAX

ရန်ကုန်ညဈေးတန်း ကုန်ကျစရိတ် လွှတ်တော်တွင် အမြန်ဆုံးရှင်းလင်းရန် တိုက်တွန်း
04-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၃

ကျပ်သိန်းပေါင်း တစ်သောင်းရှစ်ထောင်ကျော် သုံးစွဲထားသော ရန်ကုန်ကမ်းနားလမ်းညဈေးတန်း၏ ကုန်ကျစရိတ် အသေးစိတ်စာရင်းကို မြို့တော်စည်ပင်ဘက်က လွှတ်တော်သို့ အမြန်ဆုံး လာရောက်ရှင်းလင်းပေးရန် မရမ်းကုန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက တိုက်တွန်းလိုက်သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အစီအရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့်ပတ်သက်၍ ရန်ကုန်တိုင်းလွှတ်တော်၌ စက်တင်ဘာလ ၂ ရက်က ဆွေးနွေးရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“မြေပြင်ကြည့်ရူတဲ့အခါမှာ ဘာကြောင့် ဒီလောက်ငွေတွေ ကုန်သွားသလဲဆိုတာကို ဆက်စပ်လို့မရအောင် ဖြစ်ရပါတယ်။ ကုန်ကျစရိတ်ရဲ့ အသေးစိတ်စာရင်းကို လွှတ်တော်သို့ အမြန်ဆုံး ရှင်းလင်းတင်ပြပေးဖို့ တောင်းဆိုအပ်ပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ အစိုးရတက်လာပြီးနောက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာက ရန်ကုန်မြို့တွင်းရှိ လမ်းဘေးဈေးသည်များကို ပြောင်းရွှေ့ကာ ကမ်းနားလမ်းညဈေးတန်းကို ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။ 

J-17