News

POST TYPE

RELAX

နှစ်ပေါင်း တစ်သောင်းငါးရာ သက်တမ်းရှိ ဧရာမသမင်ချိုကြီးကို တွေ့ရှိ
12-Sep-2018


အိုင်းရစ်ရှ် သမင်ကြီးမျိုးဟာ အိုင်ယာလန်မှာ မျိုးတုန်းသွားတာ နှစ်ပေါင်း တစ်သောင်းငါးရာလောက်ရှိပါပြီ။

ဒါပေမဲ့ ငါးဖမ်းသမားနှစ်ဦးဟာ ပိုက်ကွန်ကို ဆွဲတင်လိုက်ရင်း အံ့အားသင့်စရာ ဧရာမသမင်ဦးချိုကြီးကို ရရှိခဲ့ပါတယ်။

ရေအိုင်ကြီးတစ်ခုမှာ ငါးဖမ်းသမားနှစ်ဦးဖြစ်တဲ့ ရေမွန်မက်အယ်ရွိုင်းနဲ့ ချာလီကိုလီ တို့က ငါးဖမ်းနေရင်း အဆိုပါသမင်ဦးချိုကြီးကိုရခဲ့တာ ဖြစ်ပါတယ်။

သမင်ချိုကီးနှစ်ခုဟာ ထိပ်ဖျားတစ်ခုကနေ တစ်ခုကို ခြောက်ပေအထိ ရှည်လျားပါတယ်။ 

“ကျွန်တော်က ဒါကို ဘီလူးသဘက်ကြီးထင်တာ၊ လွှင့်ပစ်မိတော့မလို့။ ဒါကြီးနဲ့ ဘာလုပ်ရမှန်းမသိဘူးလေ”ဟု ကွိုင်လီ က ပြောကြားသည်။

အိုင်းရစ်ရှ် သမင်ကြီးမျိုးတွေဟာ မြေကမ္ဘာသက်တမ်းတစ်လျှောက်မှာ အထွားကျိုင်းဆုံး သမင်တွေ ဖြစ်ပါသတဲ့။ 

F-02