News

POST TYPE

RELAX

ဆော်ဒီက ဗီဒီယိုအွန်လိုင်း တင်တဲ့သူ အဖမ်း ခံရ
11-Sep-2018


ဆော်ဒီအာရေးဗီးယားဟာ အလွန်ရှေးရိုးစွဲတဲ့ အစ္စလာမ်လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ခုလည်း ဆော်ဒီရောက် အီဂျစ်အမျိုးသားတစ်ဦးဟာ အလုပ်ထဲကအမျိုးသမီးတစ်ဦးနဲ့ ပျော်ရွှင်စွာ မနက်စာ အတူစားနေတာကို ဗီဒီယိုရိုက်ပြီး လူမှုကွန်ရက်မီဒီယာပေါ် တင်လိုက်တာကြောင့် အဖမ်းခံလိုက်ရပါပြီ။ 

ဟိုတယ်ဝန်ထမ်းအလုပ် လာလုပ်တဲ့ အီဂျစ်အမျိုးသားတစ်ဦးရဲ့ ဗီဒီယိုဟာ မသင့်လျော်တာတွေ ပါတယ်လို့ အာဏာပိုင်က သတ်မှတ်ခဲ့ပါသတဲ့။ အဆိုပါ မသင့်လျော်တဲ့ဗီဒီယိုဖိုင်ကို ဖွင့်ကြည့်တဲ့အခါ အမျိုးသားဟာ ကိုယ်လုံးပြည့်အစ္စလာမ်ရိုးရာ အမျိုးသမီးအနက်ရောင် အဆင်တန်ဆာကို ဝတ်ထားတဲ့ ဟိုတယ်မှ လုပ်ဖော်ကိုင်ဖက်အမျိုးသမီးနဲ့အတူ မနက်စာစားရင်း ရယ်မောပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။ အမျိုးသမီးနဲ့ အီဂျစ်အမျိုးသားတို့ဟာ ရယ်ပွဲဖွဲ့နေကြပြီး အမျိုးသမီးက အစားအသောက်တစ်ခုတောင် သူ့ကို လှမ်းကျွေးလိုက်ပါတယ်။ ဒါပေမဲ့ ဆော်ဒီလူမှုကွန်ရက် မီဒီယာတွေပေါ်မှာတော့ အလွန်မသင့်လျော်တဲ့ လုပ်ရပ်ကြီးကို လုပ်လိုက်ကြတယ်ဆိုပြီး ဝိုင်းဝန်းဝေဖန်နေကြပါတယ်။  ဆော်ဒီလူ့အဖွဲ့အစည်းမှာ ကိုယ်နဲ့ ဆွေမျိုးမတော်စပ်တဲ့ အမျိုးသားနဲ့ ပျော်ရွှင်ရင်းနှီးစွာ နေထိုင်ခြင်းဟာ အမျိုးသမီးတစ်ဦးအဖို့ အလွန်မသင့်တော်ပါဘူးတဲ့။

F-02