News

POST TYPE

RELAX

ဖနွမ်းပင်က တွားသွားကောင်တွေ ပြည့်နေတဲ့ ကော်ဖီဆိုင်
08-Sep-2018


သင်ဟာ စပါးကြီးမြွေ၊ ဒါမှမဟုတ် မြွေသေးသေးတွေ၊ ဖွတ်ပဒတ်၊ လိပ်၊ ကင်းမြှီးကောက် စတာတွေကို ကြောက်တတ်တယ်ဆိုရင်တော့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်က ကော်ဖီဆိုင်ကို သွားထိုင်ပြီး ကုစားသင့်ပါတယ်။

ကြောင်ကော်ဖီဆိုင်တွေ ပေါ်ပြူလာ ဖြစ် လူကြိုက်များနေစဉ်မှာ နောက်ထပ်တစ်မျိုး ပေါ်လာတာဖြစ်ပါတယ်။ 

ဆိုင်ထဲမှာ အထက်ပါအကောင် ဗလောင်မျိုးစုံရှိပြီး ဓာတ်ပုံတွဲရိုက်နိုင်ပါတယ်။ ဆိုင်ရှင်ရဲ့အမည်ကတော့ ချီရာရာတီ ဖြစ်ပါတယ်။

ဖောက်သည်တစ်ဦးဟာဆိုရင် လက်တေးကော်ဖီကို သောက်နေရင်း အကြေးခွံပါ ဖွတ်ကို လက်နဲ့ သပ်ပေးနေပါတယ်။

ယခုလိုသတ္တဝါတွေကို ယခင်က မမြင်ဖူးပေမယ့် သူတို့ဟာ ချစ်ဖို့ကောင်းသလို ကြောက်ဖို့လည်းကောင်းတယ်လို့ ဖောက်သည်တစ်ဦးက ပြောကြားပါတယ်။

ဓာတ်ပုံရိုက်ပြီးလူမှုကွန်ရက် မီဒီယာပေါ်တင်ရတာ ကြိုက်သူတွေ လာကြတာ ဖြစ်ပါတယ်။

F-02