News

POST TYPE

RELAX

ပန်းချီဆွဲတဲ့ ခွေးကလေးက တိရစ္ဆာန်စောင့်ရှောက်ရေး ပရဟိတအဖွဲ့အတွက် ငွေရှာပေး
06-Sep-2018 tagged as


အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ် ရှားလော့ဒေသက ဩစတြေးလျ သိုးထိန်းခွေးတစ်ကောင်ရဲ့ ဝါသနာကတော့ အံ့အားသင့်ဖွယ် ကောင်းပါတယ်။ ခွေးမလေးရဲ့ နာမည်ကတော့ အိုင်ဗီဖြစ်ပြီးတော့ သူဟာ ပန်းချီဆွဲရတာကို ဝါသနာထုံပါသတဲ့။ ခွေးမလေး အိုင်ဗီဖန်တီးထားတဲ့ ပန်းချီကားတွေကို ရောင်းချပြီးတော့ တိရစ္ဆာန်စောင့်ရှောက်ရေး ပရဟိတအဖွဲ့တွေကို လှူဒါန်းပေးလျက်ရှိပါတယ်။ သူ့ပန်းချီကားတစ်ချပ်ကို ဒေါ်လာ ၂၀၀ လောက် ရရှိပါသတဲ့။ ပန်းချီဆွဲတဲ့ ဝက်ဝံ၊ ပန်းချီဆွဲတဲ့ဆင်စသဖြင့် နာမည်ကြီးနေပြီးတော့ ယခုအခါ ပန်းချီဆွဲရတာပျော်တဲ့ နောက်ထပ်သတ္တဝါလေးတစ်ကောင် ထွက်ပေါ်လာတာဖြစ်ပါတယ်။ အိုင်ဗီအတွက်တော့ ပါးစပ်နဲ့ကိုက်ထားလို့ရတဲ့ အထူးစုတ်တံလေး စီစဉ်ပေးထားရပါသတဲ့။

F-02

  • TAGS