News

POST TYPE

RELAX

ဧရာမပြည်ကြီးငါး နယူးဇီလန် ကမ်းခြေမှာတွေ့
29-Aug-2018

နယူးဇီလန်နိုင်ငံ ဝယ်လင်တန်ကမ်းခြေဒေသမှာ အရှည် ၁၄ ပေရှိတဲ့ ပြည်ကြီးငါးကြီးကို တွေ့ရှိခဲ့ရတယ်လို့ ဓာတ်ပုံတွေကိုကိုးကားပြီး သတင်းများက ဖော်ပြထားပါတယ်။

ဒေသခံညီအစ်ကိုသုံးဦးဟာ အဆိုပါ ဧရာမပြည်ကြီးငါးကြီးကို ပြီးခဲ့တဲ့စနေနေ့က ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ တွေ့ရှိသူတစ်ဦးဖြစ်တဲ့ မစ္စတာဒန်ဟာ ဝယ်လင်တန်အခြေစိုက် ငါးဖမ်းကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ပြည်ကြီးငါးကြီးနဲ့ တွဲရိုက်ထားတဲ့ဓာတ်ပုံကို အင်တာနက်မှာ တင်ထားပါတယ်။

အဏ္ဏဝါမုဆိုး မှိန်းပစ်ငါးဖမ်းနဲ့ ဒိုင်ဗင်ကျွမ်းကျင်သူများအဖွဲ့ကသူတို့ရဲ့ Facebook စာမျက်နှာမှာ အဆိုပါဓာတ်ပုံကို တင်ထားပါတယ်။ အဆိုပါဓာတ်ပုံများကို လူပေါင်း ၇၅၀၀ ကျော်က ပြန်လည်မျှဝေခဲ့ပြန်ပါတယ်။ ဧရာမ ပြည်ကြီးငါးကြီးကို အမျိုးသား ရေထုလေထု သုတေသနဌာနက လာရောက်ယူဆောင်သွားပြီး လေ့လာလျက်ရှိကြပါတယ်။

F-02