News

POST TYPE

RELAX

နှစ်ပေါင်း ၄၀၀၀ ကျော်က မြို့ဟောင်းတစ်ခု တရုတ်တွင် တူးဖော်တွေ့ရှိ
27-Aug-2018


ရှေးဟောင်းသုတေသီတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ ကျော်လောက်က တွင်ကျယ်ခဲ့တဲ့ မြို့တော်ဟောင်းတစ်ခု တူးဖော်တွေ့ရှိခဲ့ပါတယ်။ ယခင် နန်းတော်နေရာဟောင်းရဲ့ အလယ်ဗဟို ပိရမစ်နဲ့တကွ ခံစစ်နံရံများ၊ ကိရိယာတန်ဆာပလာများ၊ အရိုးခေါင်းများ ပြည့်နေတဲ့ကျင်းများ စတာတွေကို တူဝေမြစ်နားမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကြေးခေတ် မြို့ပြဟောင်းကို တွေ့ရှိမှုဟာ တရုတ် လူ့အဖွဲ့အစည်း ယဉ်ကျေးမှုထွန်းကားမှုအပေါ် လေ့လာရေးမှာ များစွာ အထောက်အကူပြုပါတယ်။ ယခင်က တရုတ်ရဲ့ မြေပြန့်ဒေသတွေဟာ ရိုးရာ အစဉ်အလာအရ ဗဟိုချက်ဖြစ်တယ်လို့ ယူဆခဲ့ပေမယ့် ခုတော့ တောင်ပေါ်ဒေသတွေဟာ တရုတ်ယဉ်ကျေးမှုရဲ့ မြစ်ဖျားခံရာလို့  ယူဆလာတာတွေလည်း ရှိနေပါတယ်။ မြို့ဟာ ၉၈၈ ဧကကျယ်ပြန့်ပြီးတော့ အဆောက်အအုံပေါင်းစုံ တွေ့ရှိရပါတယ်။ နံရံတွေထဲမှာ လူသားတွေကိုသတ်ပြီး ယစ်ပူဇော်မြှုပ်ကာ အစောင့်ထားတဲ့ ဓလေ့ရှိခဲ့တယ်လို့ ယူဆကြပါတယ်။

F-02