News

POST TYPE

RELAX

စကူတာဆိုင်ကယ် အသေးလေးနဲ့ စက်ဘီး ၁၆ စီးကို သယ်သူ
26-Aug-2018


စကူတာဆိုင်ကယ်ဆိုတာ တကယ်တော့ သေးသေးလေးပါ။ ဒါပေမဲ့ တရုတ်အမျိုးသားတစ်ယောက်ကတော့ ဝန်စည်စလယ် များစွာကို သယ်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံ ကျီယန်းမြို့က လမ်းတစ်လမ်းပေါ်မှာ အမျိုးသားတစ်ဦးဟာ ဆိုင်ကယ် ၁၆ စီးကို စကူတာလေးစီးရင်း သယ်သွားတာဖြစ်ပါတယ်။ တုတ်ချောင်းတစ်ချောင်းကို လျှိုထမ်းရင်း စက်ဘီးတွေကို ထိုဝါးလုံးပေါ်ချိတ်ပြီး သယ်သွားတာဖြစ်ပါတယ်။ အဆိုပါအမျိုးသားဟာ လက်တစ်ဖက်ကို စကူတာလက်ကိုင်ကို ထိန်းစေပြီး နောက်တစ်ဖက်နဲ့ ပခုံးပေါ်က ဆိုင်းထမ်းကြီးကို ထိန်းသွားတာဖြစ်ပါတယ်။ စက်ဘီး ၁၆ စီးရဲ့ အလေးချိန်ဆိုတာ မနည်းပါဘူး။ ဒါကိုပခုံးပေါ်မှာ တစ်ဖက်ကို ၈ စီးကျ ထမ်းထားတာဖြစ်ပါတယ်။ ဆိုင်ကယ်ကလည်း မောင်းရသေးတယ်။ အဆိုပါအမျိုးသားဟာ စက်ဘီးငှားတဲ့ကုမ္ပဏီမှာ အလုပ်လုပ်တာဖြစ်ပြီးတော့ စက်ဘီးတွေကို ဂိုဒေါင်ဆီ ပြန်သယ်နေတာဖြစ်ပါတယ်။

F-02