News

POST TYPE

RELAX

ရထားပေါ်ကို မြင်းကြီးနဲ့တက်ဖို့ ကြိုးစားတဲ့ ဩစတီးယားက မြင်းစီးသမား
25-Aug-2018


ရထားပေါ်ကို မြင်းကြီးနဲ့တက်လာတဲ့လူတစ်ဦးရဲ့ ဓာတ်ပုံက ဩစတီးယား လူမှုကွန်ရက်မီဒီယာတွေမှာ လူကြည့်များနေပါတယ်။

Styer ပြည်နယ်မှာ အဆိုပါမြင်းစီးသမားဟာ သူ့မြင်းကြီးနဲ့ ရထားနှစ်စင်းပေါ် တက်ခဲ့ပေမယ့် အာဏာပိုင်တွေက ပေးမစီးခဲ့ပါဘူး။

ဖရီဒါလို့ အမည်ရတဲ့ မြင်းကြီးကို ရထားပေါ်တင်လာတော့ ရထားထိန်းတွေက ပြန်ဆင်းခိုင်းပါတယ်။

ခရီးသည်တွေက ရယ်ပွဲဖွဲ့ခဲ့ကြပြီး မြင်းကြီးနဲ့ လူငယ်နဲ့ပုံက twitter မှာ ပျံ့နှံ့ခဲ့ပြီး ရထားကုမ္ပဏီက ရထားဘရိတ်အုပ်ချိန်မှာ မြင်းကြီးကြောင့် တခြားသူတွေကို ထိမှာစိုးလို့ပါတဲ့။

ရထားရဲ့ မူဝါဒအရ တိရစ္ဆာန်အသေးလေးတွေကို တင်ချင်ရင် လှောင်အိမ်လေးနဲ့ လာရမှာဖြစ်ပြီး ခွေးဆိုရင်လည်း မကိုက်နိုင်တဲ့ အကာအကွယ်ဝတ်ပေးပြီးမှ ရထားပေါ် တင်ရမှာဖြစ်ပါသတဲ့။

မီးရထားပေါ် အတက်မခံတော့ မြင်းစီးဆရာကြီး ဘယ်လိုစခန်းသွားလဲ ဆိုတာတော့ မသိရပါဘူး။

F-02