POST TYPE
RELAX
ပြတင်းပေါက်မှန် ပန်းချီကား အများဆုံးအဖြစ် စံချိန်တင်
23-Aug-2018
အမေရိကန်ပြည်ထောင်စု ဝစ္စကွန်ဆင်ပြည်နယ်မှာ ပြတင်းပေါက်မှန်အဟောင်းတွေပေါ်မှာ ဆွဲထားတဲ့ပန်းချီကား အများဆုံး စုစည်းနိုင်မှု စံချိန်တင်ခဲ့ပါတယ်။ ပန်းချီဆွဲထားတဲ့ ပြတင်းပေါက် ၁၆၅၁ ချပ်ကို စုစည်းပြီးတော့ စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပြည်နယ်အခြေစိုက် နေအိမ်အလှဆင် ကုမ္ပဏီတစ်ခုက ဦးဆောင်ကာ အဆိုပါလှုပ်ရှားမှုကိုပြုလုပ်ခဲ့ပြီး ရပ်ရွာနေလူအများက ဝိုင်းဝန်းပါဝင်ခဲ့ကြပါတယ်။ ပန်းချီကား ၁၆၅၁ ချပ်ကို တစ်နေရာတည်းမှာ စုစည်းပြသရင်း ဂရင်းနစ်စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒေသခံရာပေါင်းများစွာက ပူးပေါင်းပါဝင်ခဲ့ပြီး ပန်းချီဆွဲခြင်းမှာ ပါဝင်ဆောင်ရွက်ပေးခဲ့ကြပါတယ်။ ပြတင်းပေါက် ပန်းချီကားတွေ ကို ရောင်းချမှာဖြစ်ကာ ရရှိလာတဲ့ဝင်ငွေတွေကို ဒေသခံဖောင်ဒေးရှင်းတစ်ခုကို လှူဒါန်းသွားမှာလည်းဖြစ်ပါသတဲ့။
F-02
- VIA
- Voice Admin
- SOURCES
- The Voice
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
15-Feb-2019