News

POST TYPE

RELAX

အတ္တလန္တိတ်သမုဒ္ဒရာကို ရက်လေးဆယ်အတွင်း လှေလှော်ပြီး ကျော်ဖြတ်တဲ့ ကျောင်းဆရာ
11-Aug-2018 tagged as

အမေရိကန်ပြည်ထောင်စု အိုဟိုင်းအိုးပြည်နယ်က ကျောင်းဆရာတစ်ဦးဟာ အတ္တလန္တိတ်သမုဒ္ဒရာကို ရက်လေးဆယ်အတွင်း လှေလှော်ပြီး ကျော်ဖြတ်ကာ ကမ္ဘာ့စံချိန် တင်ခဲ့ပါတယ်။

ကနေဒါကနေ အင်္ဂလန်အထိ ရက်လေးဆယ်အတွင်း လှော်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် စင်စင်နာတီဒေသ အထက်တန်းကျောင်းဆရာ ဘရိုက်စ် ကာဆန်ဟာ နယူးဖောင်လန်ကနေ စိန့်မေရီ အထိ မိုင်ပေါင်း ၂၀၀၀ လှော်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။

အတိအကျဆိုရလျှင် ၃၈ ရက် ၆ နာရီနဲ့ ၄၉ စက္ကန့်ကြာခဲ့တာဖြစ်ပါတယ်။ ယခင်စံချိန်ဟောင်းက ၅၃ ရက်ဖြစ်ပါသတဲ့။

ခက်ခဲကြမ်းတမ်းစွာနဲ့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

မကြာခဏ လှေမှောက်ခဲ့ပြီး မှောက်တဲ့အချိန်တွေမှာ သူဟာ အိပ်ပျော်မနေခဲ့ဘူးလို့ ပြောကြားပါတယ်။

F-02

  • TAGS