News

POST TYPE

RELAX

Big Bang အဖွဲ့၏ တေးအယ်လ်ဘမ် ဂျပန် အရောင်းရဆုံးစာရင်းတွင် နံပါတ်တစ် ချိတ်
25-Jul-2016
ကေ့ပေါ့ပ်အဖွဲ့ Big Bang ၏ Tokyo Dome ကမ္ဘာလှည့် ဖျော်ဖြေရေး တေးအယ်လ်ဘမ်သည် ဂျပန်နိုင်ငံ တေးဂီတဇယား Oricon တွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း ဝိုင်ဂျီအင်တာတိန်းမန့်က ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“Bigbang World Tour 2015 – 2016 (Made) in Japan” ကို ဇူလိုင် ၂၀ ရက်က ထုတ်လွှင့်ခဲ့ပြီး မိနစ် ၁၇၀ ကြာ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှု ဖိုင်တစ်ခုနှင့် ၈၆ မိနစ်ကြာ အစမ်းလေ့ကျင့်မှုနှင့် အဖွဲ့ဝင်များကို တွေ့ဆုံမေးမြန်းမှုများ ပါဝင်သည်။

Big Bang အဖွဲ့သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာမှ ၂၀၁၆ ဖေဖော်ဝါရီလအထိ ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာလှည့် ဖျော်ဖြေရေး အစိတ်ပိုင်းတစ်ခုအဖြစ် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Tokyo Dome အားကစားကွင်းတွင် ဖျော်ဖြေပွဲများ ကျင်းပခဲ့ခြင်း ဖြစ်သည်။

Big Bang အဖွဲ့သည် ၁၀ နှစ်ပြည့် အထိမ်းအမှတ် နှစ်ပတ်လည် ဖျော်ဖြေပွဲ “Bigbang10 The Concret : 0.To.10 in Japan” ကိုလည်း ဇူလိုင် ၂၂ ရက်မှ ၂၃ ရက်အထိ အိုဆာကာမြို့ရှိ Yanmar Stadium Nagi အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သေးသည်။

Ref: allkpop.com