News

POST TYPE

RELAX

တက်တူးဖျက်ခိုင်းလို့ သရဖူပြန်အပ်တဲ့ Miss
05-Aug-2018


အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းက Phelan ဒေသအလှမယ် Miss ဟာ သူ့တက်တူးကို မိတ်ကပ်နဲ့ဖုံးခိုင်းတာမို့ သရဖူကို ပြန်အပ်လိုက်ပါတယ်။ ဆီရာလီဒီဟာ အသက် ၁၇ နှစ်အရွယ်က ဖီလန်ဒေသ Miss ပြိုင်ပွဲဝင်ပြိုင်ခဲ့စဉ်က တက်တူး မရှိသေးပါဘူး။ ဒါပေမဲ့ ယခုနှစ် သူမရဲ့ အသက် ၁၈ နှစ်ပြည့် မွေးနေ့မှာတော့ လက်မောင်းနဲ့ပခုံးမှာ ပန်းပုံတွေနဲ့ လက်ဖျံမှာ ငါးမန်းပုံလေးထိုးထားပါတယ်။ ဖီလန်ဒေသ ကုန်သည်ကြီးများအသင်းက Miss သရဖူကိုဆင်မြန်းပြီး အခမ်းအနား တက်ချိန်မှာ တက်တူးတွေကို မိတ်ကပ်နဲ့ ဖုံးထားပေးရမယ်လို့ပြောပြီး လက်မှတ်ရေးထိုးခိုင်းပါတယ်။ ဆီရာဟာ လက်မှတ်ရေးထိုးရမယ့်အစား သူမရဲ့ဆုသရဖူကို ပြန်အပ်လိုက်ပါတယ်။ တက်တူးထိုးတာဟာ သာမန် လုပ်ရိုးလုပ်စဉ်ဖြစ်တာမို့ ဖုံးထားစရာ မလိုပါကြောင်း ဒါကြောင့် ဆုကို ပြန်အပ်လိုက်ပါတယ်လို့ လီဒီက ပြောကြားခဲ့ပါတယ်။

F-02