News

POST TYPE

RELAX

‘’ကိုယ်လိုသလောက် ဖုန်းပြောဖို့မိနစ်တွေ၊ အင်တာနက်သုံးဖို့ဒေတာတွေကို စိတ်ကြိုက်ဝယ်ယူနိုင်မယ့် စိတ်တိုင်းကျ အစီအစဉ်ကို အူရီဒူးမှ စတင်’’
02-Aug-2018 tagged as


မိုဘိုင်းလ်အော်ပရေတာက သတ်မှတ်ပေးထားတဲ့ ဒေတာပမာဏနဲ့ ဖုန်းပြောဖို့မိနစ်တွေအတိုင်းမဟုတ်ဘဲ ကိုယ့်လိုအပ်သလောက် အင်တာနက်သုံးဖို့ ဒေတာတွေ၊ ဖုန်းပြောဖို့ မိနစ်တွေကို My Ooredoo App ထဲက စိတ်တိုင်းကျ Function ကနေ ရွေးချယ်ဝယ်ယူနိုင်မယ့်အစီအစဉ်ကို အူရီဒူးသုံးစွဲသူများအတွက် မိတ်ဆက်ပေးလိုက်ပါပြီ။

စိတ်တိုင်းကျ ဆိုတဲ့နာမည်အတိုင်း ကိုယ်ကတစ်လကို ဒေတာပမာဏ 1 GB လောက်သုံးတယ်ဆိုရင် 1 GB ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဖုန်းပြောဖို့အတွက် မိနစ်တွေဆိုရင်လည်း အဲဒီလိုပဲ ကိုယ်လိုအပ်သလောက် မိနစ်ကို ရွေးချယ်ဝယ်ယူပြီး ကိုယ်ပိုင် Plan အဖြစ် ဖန်တီးနိုင်မှာပါ။

အူရီဒူးဖုန်းသုံးတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ပြောဖို့ မိနစ် ၂၀၀ လိုတယ်ဆိုရင် အူရီဒူး အချင်းချင်း မိနစ် ၂၀၀ ကို ရွေးလိုက်ရုံပါပဲ။ ဒါမှမဟုတ် တခြား မိုဘိုင်းလ်အော်ပရေတာသုံးနေတဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုခေါ်ဖို့ မိနစ် ၁၀၀ လိုတယ်ဆိုရင် ပြည်တွင်းဖုန်းခေါ်ဆိုရန်မှာ ရွေးဝယ်လိုက်ရုံပဲဖြစ်ပါတယ်။

‘’စိတ်တိုင်းကျ’’ရဲ့ အဓိက အားသာချက်ကတော့ ကိုယ်ဝယ်ယူလိုက်တဲ့ ဒေတာနဲ့မိနစ်တွေအတွက် ဈေးနှုန်း ဘယ်လောက်ကျသင့်တယ်၊ သက်တမ်းဘယ်လောက်ရှိတယ်၊ ပုံမှန်သုံးနေကျထက် ဖုန်းဘေလ် ဘယ်လောက်ပမာဏ ချွေတာနိုင်တယ်ဆိုတာတွေကို တစ်ခါတည်း စစ်ဆေးနိုင်တာပါ။

အူရီဒူးအသုံးပြုသူတွေအနေနဲ့ စိတ်တိုင်းကျ အစီအစဉ်ကို My Ooredoo App ကနေတဆင့် ဝယ်ယူရမှာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်ဖုန်းထဲက My Ooredoo App ရဲ့ Buy Pack ထဲမှာ စိတ်တိုင်းကျကို ရှာမတွေ့ဘူးဆိုရင် Google Play Store နဲ့ App Store တို့ကနေ My Ooredoo ကို Update လုပ်ပေးဖို့လိုပါတယ်။

My Ooredoo App ကို အခုမှ ပထမဆုံးစသုံးမှာဆိုရင်တော့ *565# ကိုခေါ်ဆိုပြီး အခမဲ့ဒေါင်းလုတ်ရယူနိုင်မှာပဲ ဖြစ်ပါတယ်။

မိုဘိုင်းလ် အော်ပရေတာက ဖန်တီးထားတဲ့ ဒေတာပမာဏတွေ၊ ဖုန်းပြောဖို့မိနစ်တွေက ကိုယ်နဲ့မကိုက်ညီလို့ စိတ်တိုင်းမကျ ဖြစ်နေတယ်ဆိုရင်တော့ အူရီဒူးရဲ့ စိတ်တိုင်းကျ အစီအစဉ်ရှိနေပြီ ဆိုတဲ့အကြောင်း သတင်းကောင်းပေးရင်း စမ်းသုံးကြည့်ကြဖို့တိုက်တွန်းပါရစေ။

  • TAGS