News

POST TYPE

RELAX

ချွတ်စွပ်တူ အမြွှာနှစ်စုံ လက်ထပ်ကြတော့မည်
02-Aug-2018

အသက် ၂၄ နှစ်အရွယ်ရှိ ချွတ်စွပ်တူ အမြွှာညီအစ်ကိုနှစ်ဦးနဲ့ အမြွှာညီအစ်မနှစ်ဦးတို့ဟာ ချစ်သူဘဝကနေ လက်ထပ်ကြတော့မှာဖြစ်ပါတယ်။ သူတို့ဟာ ပထမဆုံး ချိန်းတွေ့တဲ့ရက်ကလည်း တူတူဖြစ်ကာ စေ့စပ်ပွဲကိုလည်း အတူတူ ဖြတ်သန်းခဲ့ကြတဲ့နှစ်တွဲပါ။ အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ်မှာ ယခု သီတင်းပတ်အကုန်မှာ စုလျားရစ်ပတ် လက်ထပ်ကြတော့မှာဖြစ်ပါတယ်။ ကောင်မလေးနှစ်ယောက်နာမည်က ကရစ်စီနဲ့ ကက်စီတို့ဖြစ်ကြပြီးတော့ သူတို့လက်ထပ်မှာကတော့ ဇက်နဲ့ နစ်ခ်လီဝမ်တို့ ဖြစ်ကြပါတယ်။ ကရစ်စီတို့အတွဲက သောကြာနေ့မှာ မင်္ဂလာဆောင်မှာဖြစ်ပြီး ကက်စီတို့ကတော့ စနေနေ့တွင်ဆောင်မှာ ဖြစ်ပါတယ်။ ဧည့်ခံပွဲစားသောက်ပွဲကိုတော့ နှစ်တွဲလုံးက စနေနေ့ညမှာ ပေါင်းလုပ်ကြမှာဖြစ်ပါသတဲ့။ ထူးခြားလွန်းတဲ့ အမြွှာဖူးစာပေါ့နော်။

F-02