News

POST TYPE

RELAX

နျူကလီးယား လက်နက်ဒဏ်ခံ ဘန်ကာ အသင့်ဆောက်ထားတဲ့ ကနေဒါက ဘိုးဘိုး
01-Aug-2018


ကျောင်းကားအဟောင်း ၄၂ စီးကို မြေကြီးထဲမှာမြှုပ်ပြီး နျူကလီးယားဒဏ်ခံ အဆောက်အအုံတစ်ခုကို ကနေဒါက ဘိုးဘိုးတစ်ဦးက တည်ဆောက်ပြင်ဆင်ထားပါတယ်။ ကမ္ဘာကြီးပျက်မယ့် နျူကလီးယားစစ်ပွဲကနေ အသက်ရှင်ကျန်ရစ်အောင် ပြင်ဆင်ထားတဲ့ ဘရုစ်ဘိခ်ျအမည်ရ အမျိုးသားကြီးဟာ အသက် ၈၃ နှစ်ရှိပါပြီ။ စစ်အေးကာလ တင်းမာမှုအမြင့်ဆုံးရောက်နေချိန် ၁၉၈၀ ကာလများကတည်းက အဆိုပါ စတုရန်းပေ တစ်သောင်းကျယ်တဲ့ နျူကလီးယားဘန်ကာကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဘိုးဘိုးရဲ့ နျူကလီးယားဘန်ကာဟာ မြောက်အမေရိကမှာတော့ အကြီးဆုံးဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ နျူကလီးယား စစ်ပွဲထဲကိုကျဆင်းမှာ ကျိန်းသေတယ်လို့ယုံကြည်တဲ့ ဘဘကြီးဟာ မီဂါဘန်ကာကြီးတည်ဆောက်ထားတဲ့ ဆယ်စုနှစ်များစွာအတွင်း နျူကလီးယား တိုက်ခိုက်မှုမဖြစ်တာကို အံ့အားသင့်မိပါသတဲ့။ ဘဘကြီးရဲ့ မြေအောက် နျူကလီးယားဘန်ကာထဲမှာ လူ ၅၀၀ လောက်ကို သီတင်းပတ် သုံးပတ်လောက် ခိုလှုံနေနိုင်ဖို့ နေရာ ကောင်းကောင်း ဖန်တီးပေးနိုင်ပါသတဲ့။

F-02