News

POST TYPE

RELAX

အသက် တစ်ရာပြည့်မွေးနေ့မှာ လေယာဉ်ပေါ်က လေထီးခုန်တဲ့ဘိုးဘိုး
31-Jul-2018


အမေရိကန်ပြည်ထောင်စု ဆီယက်တယ်သား အမျိုးသားကြီးတစ်ဦးဟာ သူ့ရဲ့ အသက်တစ်ရာပြည့် မွေးနေ့မှာ လေယာဉ်ပေါ်ကနေ ဒိုင်ဗင်ထိုးခဲ့ပါတယ်။ နောင်နှစ်မှာလည်း ယင်းသို့လုပ်ချင်ပြီးတော့ ကမ္ဘာ့ အသက်အကြီးဆုံး ကောင်းကင်ဒိုင်ဗင်သမားအဖြစ် စံချိန်တင်ချင်ပါသတဲ့။ လက်ရှိစံချိန်ကိုတော့ အင်္ဂလန်က ဘရိုင်ဆန်ဝီလီယမ်ဗာဒွန်ဟေးယက်စ်က ချိုးထားတာဖြစ်ပြီးတော့ အသက် ၁၀၁ နှစ်နဲ့ ၃၈ ရက်မှာ ကောင်းကင်ဒိုင်ဗင်ထိုးခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် နောက်တစ်နှစ်နဲ့ လေးလလောက် အသက်ရှည်မယ်ဆိုရင် ဒီလူ့ရဲ့စံချိန်ကို ချိုးနိုင်မှာပါ”လို့ အသက် ၁၀၀ မွေးနေ့ရှင် ဘဘကြီးဝီလီယမ်ဆန်က ပြောကြားခဲ့ပါတယ်။ အငြိမ်းစားတွေနေထိုင်တဲ့ စောင့်ရှောက်နေအိမ်မှာ နေထိုင်တဲ့ ဝီလီယမ်ဆန်ဟာ အသက်တစ်ရာပြည့်မွေးနေ့ကို ယခုလိုမျိုး ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ၉၉ ပြည့်တုန်းကလည်း အလားတူ ကောင်းကင်ဒိုင်ဗင်ထိုး ခဲ့ပါသေးတယ်။ ကောင်းကင်က ခုန်ချရတဲ့အရသာဟာ အလွန်နှစ်သက်ဖွယ် ကောင်းတယ်လို့ ဝီလီယမ်ဆန်က ပြောကြားခဲ့ပါတယ်။

F-02