News

POST TYPE

RELAX

စစ်မှုထမ်းဖို့ ပြင်ဆင်နေပြီ ဖြစ်တဲ့ 2PM
02-Oct-2016
ကိုရီးယားရဲ့ နာမည်ကျော် အမျိုးသားတေးဂီတ အဖွဲ့တွေထဲက တစ်ဖွဲ့ ဖြစ်တဲ့ 2PM အဖွဲ့က သူတို့အနေနဲ့ စစ်မှုထမ်းဖို့ ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း KBS ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

၂၀၀၈ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့တဲ့ 2PM အဖွဲ့မှာ စစ်မှုထမ်းခဲ့ဖူးသူတွေ တစ်ဦးမှ ရှိမနေသေးပဲ အဖွဲ့သားတွေ အကုန်လုံး စစ်မှုထမ်းကြမှာ ဖြစ်တယ်လို့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဂျွန်ကေက ဆိုလိုက်ပါတယ်။

လက်ရှိမှာ အယ်လ်ဘမ် (၆) ခု ထွက်ရှိခဲ့ပြီးပြီ ဖြစ်တဲ့ 2PM ဟာ သူတို့ရဲ့ နောက်ဆုံးအယ်လ်ဘမ် ဖြစ်တဲ့ Gentlemen's Game ကို ၂၀၁၆ စက်တင်ဘာ ၁၃ ကမှ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပြီး စစ်မှုမထမ်းခင် အချိန်လေးမှာ အယ်လ်ဘမ်သစ်အတွက် ပရိုမိုးရှင်း အစီအစဉ်တွေကို လုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ်။

စစ်မှုထမ်းဖို့ မသွားခင်မှာ နောက်ထပ် အရေးတကြီး လုပ်စရာက အဖွဲ့လိုက် ခရီးသွားဖို့ပဲဖြစ်ပြီး အဖွဲ့စဖွဲ့ ကတည်းက အခုအချိန်အထိ အဖွဲ့လိုက် သီးသန့်ခရီးထွက်တာမျိုး မလုပ်နိုင်သေးဘူးလို့ ဂျွန်ကေက ပြောပါတယ်။

“ဖျော်ဖြေပွဲ ခရီးတွေ သွားနေရပေမယ့် အပန်းဖြေဖို့သက်သက် အဖွဲ့လိုက် ခရီးသွားတာမျိုးကိုတော့ ကျွန်တော်တို့ မလုပ်ဖူးကြပါဘူး။ အဲဒါက စစ်မှုမထမ်းဆောင်ခင် မဖြစ်မနေ လုပ်ကြမယ့် အလုပ်တစ်ခုပါ” လို့ ဂျွန်ကေက ပြောပါတယ်။

Ref: kpopherald