News

POST TYPE

RELAX

Girls' Generation အဖွဲ့ နောက်ထပ် အနှစ် ၂၀ ဆက်ရှိနေဦးမယ်လို့ ဆီအိုယွန် ဆို
01-Oct-2016
တောင်ကိုရီးယားရဲ့ အအောင်မြင်ဆုံး အမျိုးသမီး တေးဂီတအဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ Girls' Generation ရဲ့ အဖွဲ့ဝင် ဆီအိုယွန်က အဖွဲ့ပြိုကွဲတော့မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုလိုက်ပြီး သူတို့ရဲ့ အဖွဲ့ဟာ နောက်ထပ် အနှစ် ၂၀ လောက် ဆက်ရှိနေဦးမယ်လို့ ပြောဆိုလိုက်ပါတယ်။

အဖွဲ့ဝင် (၈) ယောက်နဲ့ ဖွဲ့စည်းခဲ့တဲ့ Girls' Generation ဟာ ကိုရီးယားရဲ့ နာမည်ကျော် K pop အဖွဲ့တွေထဲမှာ အပါအဝင် ဖြစ်ပေမယ့်လည်း အဖွဲ့သားတွေကြား စိတ်ဝမ်းကွဲနေကြတယ်ဆိုတဲ့ သတင်းတွေ မကြာခဏ ကြားနေရပြီး သူတို့ဖျော်ဖြေမယ့် နောက်ဆုံးတေးဂီတပွဲ တစ်ခုကိုလည်း ရွှေ့ဆိုင်းထားခဲ့ရတာပါ။

Star1 မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဆီအိုယွန်က Girls' Generation ဟာ မိသားစုဆန်ပြီး အလုပ်သဘောထက် နွေးထွေးမှုက ပိုများနေတဲ့ အဖွဲ့ပါလို့ ပြောဆိုလိုက်ပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ ကောလာဟလတွေနဲ့ ပတ်သက်လို့လည်း ဆီအိုယွန်က ငြင်းဆိုသွားခဲ့ပြီး အဖွဲ့တွင်းမှာ ဘာပြသနာမှ ရှိမနေပါဘူးလို့ ဆိုလိုက်ပါတယ်။

“Girls' Generation က အလုပ်သမားတွေ ပုံစံထက် မိသားစုလို ပုံစံနဲ့ ဖွဲ့စည်းထားတာပါ။ ဘာကိစ္စပဲဖြစ်ဖြစ် ကျွန်မတို့က အချင်းချင်း တိုင်ပင်မှု၊ ဆွေးနွေးမှုတွေ လုပ်နေကြပါ။ ကျွန်မတို့ကို နောက်ထပ် အနှစ် ၂၀ လောက် ဒီလိုပုံစံမျိုးနဲ့ပဲ မြင်ကြရပါဦးမယ်” လို့ ဆီအိုယွန်က ပြောပါတယ်။

Ref: Asiaone