News

POST TYPE

RELAX

သရုပ်ဆောင်အောင်လေးနှင့် တွေ့ဆုံခြင်း
09-Jul-2018 tagged as အနုပညာ



“ကျွန်တော့်အဖေ ချွေးနှဲစာလေးနဲ့ ဝယ်ပေးထားတယ်ဆိုတဲ့ အမှတ်တရလေးပဲ ရှိပါတယ်”

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ သရုပ်ဆောင်မော်ဒယ်လ် အောင်လေးနဲ့တွေ့ဆုံပြီး သူစီးနေတဲ့ကားအကြောင်း မေးမြန်းဖြစ်ခဲ့တာလေးကို ဖော်ပြပေးလိုက်ပါတယ်။

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
AL : လက်ရှိ ကျွန်တော်စီးနေတာက Honda Fit လေးပါ။

Voice : ဝယ်ထားတာရော ကြာသွားပြီလား။
AL : ဟုတ်၊ ကြာပြီဗျ။

Voice : ဒီကားလေးကျတော့ မြို့ထဲမှာ သွားလာရ အဆင်ပြေလို့ ဝယ်လိုက်တာလား။ ဘယ်လိုကြောင့် ဝယ်ဖြစ်သွားတာလဲ။
AL : ဒီကားလေးကျတော့ မြို့ထဲမှာ သွားရလာရတာလည်း အဆင်ပြေတယ်။ နောက် ပါကင်ထိုးဖို့ကျတော့လည်း လွယ်တယ်။ ပေါ့ပေါ့ပါးပါးလည်း ရှိတယ်။ ဆီစားလည်း သက်သာတယ်။ အဲလိုအချက်လေးတွေကြောင့် ဝယ်ဖြစ်သွားတာပါ။

Voice : ကိုယ်တိုင်ရော သဘောကျရဲ့လား။
AL : ကျွန်တော်ကိုယ်တိုင်လည်း သဘောကျပါတယ်။ 

Voice : ယောကျာ်းလေးလည်း ဖြစ်တယ်ဆိုတော့ ကားအပေါ်မှာဆို တခြားသူတွေလိုပဲ ခရေဇီဖြစ်တာမျိုးရှိလား။
AL : ရှိတော့ ရှိပါတယ်။ ဒါပေမဲ့ အရမ်းအလွန်အကျွံကြီးတော့ မရှိပါဘူး။ လက်ရှိစီးနေတဲ့ကားကို ကျွန်တော်ကြိုက်တယ်။ ထပ်ဝယ်မယ်ဆိုရင်တောင်မှ ကျွန်တော်တကယ်ကြိုက်မှပဲ လဲဖြစ်တော့မှာ။ 

Voice : ကားထဲမှာဆိုရင် ဘယ်လိုကားအမျိုးအစားကို ပိုကြိုက်လဲ။
AL : Sport Type အမျိုးအစားကို ပိုသဘောကျပါတယ်။ ဒါပေမဲ့ ကိုယ်က အနုပညာအလုပ်လုပ်နေတာဆိုတော့ Sport Type ကကျ စီးလို့သိပ်အဆင်မပြေဘူး။ ရှုတင်ဆိုရင် အဝတ်အစားတွေက အများကြီးထည့်ရတယ်ဆိုတော့ ကားကြီးမှဖြစ်တယ်။ နောက်ထပ်လဲဖြစ်ရင်တောင် ကားအကြီးထဲကပဲ လဲဖို့ရှိပါတယ်။

Voice : ဆိုတော့ လက်ရှိစီးနေတဲ့ကားကို လဲဖို့ရောရှိလား။
AL : ဟုတ်၊ နောက်လထဲမှာ လဲဖို့လုပ်နေပါတယ်။

Voice : ဘယ်လိုကားအမျိုးအစားထဲက လဲမယ်လို့ စိတ်ကူးထားလဲ။ 
AL : အခုလက်ရှိတော့ Crown လေးလဲဖို့ စီစဉ်ထားပါတယ်။

Voice : Crown ကျ ဘယ်အချက်တွေ သဘောကျလို့ ဝယ်မယ်လို့ ဆုံးဖြတ်ဖြစ်သွားတာလဲ။
AL : ကျွန်တော်က Saloon Type စီးချင်လို့ပါ။

Voice : ကားနဲ့ပတ်သက်ပြီးတော့ရော ဘဝမှာ ထူးထူးခြားခြားအမှတ်တရတွေ ရှိခဲ့ဖူးလား။
AL : ကားနဲ့ပတ်သက်ပြီး အမှတ်တရဆိုလို့ ထွေထွေထူးထူးသိပ်မရှိပါဘူး။ ကျွန်တော့်အဖေ ချွေးနှဲစာလေးနဲ့ ဝယ်ပေးထားတယ်ဆိုတဲ့ အမှတ်တရလေးပဲရှိပါတယ်။

ခိုင်ချယ်ရီထွန်း