POST TYPE

RELAX

ရန်ကုန်ညဈေးတန်း (Daily, Vol-6/No-45)
24-Jun-2018
ရန်ကုန်မြို့တော်တွင် ၂၀၁၆ နိုဝင်ဘာလက ဖွင့်လှစ်ခဲ့သော ရန်ကုန်ညဈေးတန်းမှာ တစ်နှစ်ကျော်ခန့်အကြာ၌ အရောင်းအဝယ်နှင့် စည်ကားမှု သိသာစွာ ကျဆင်းခဲ့သည်။ စတင် ဖွင့်လှစ်ချိန်က ကြိတ်ကြိတ်တိုး စည်ကားခဲ့သော ရန်ကုန် ညဈေးတန်း၏ မြင်ကွင်းအချို့နှင့် တစ်နှစ်ခွဲခန့်အကြာတွင် ဝယ်သူကို မျှော်နေရရှာသည့် ဈေးအရောင်းဆိုင်များ၏ မြင်ကွင်းအချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဓာတ်ပုံ - ရဲပြည့်ဇာနည်

ရန်ကုန် ညဈေးတန်းက ဆိုင်ခန်းအချို့ အရောင်းအဝယ် အဆင်မပြေတာကြောင့် မထွက်နိုင်တော့ပေမယ့် ဖွင့်စကနေ ယခု ၂၀၁၈ ဇွန်လထိ ကိုယ်ပိုင်ကားတချို့နဲ့ အငှားယာဉ်တချို့ကတော့ လာရောက်ကားရပ်နားနေကြဆဲပါ။

ရန်ကုန်မြို့ ကမ်းနားလမ်းမှာ ၂၀၁၆ ခုနှစ် စတင် ဖွင့်လှစ်ခဲ့ချိန်က ရန်ကုန်ညဈေးတန်း မြင်ကွင်းပါ။ လာရောက် စားသောက်ကြသူ၊ လည်ပတ်ကြသူတွေနဲ့ စည်ကားခဲ့တာပါ။

ဖွင့်လှစ်ပြီး ၂ နှစ်အကြာမှာ တွေ့ရတဲ့ ရန်ကုန် ညဈေးတန်း မြင်ကွင်းပါ။

တန်းစီစနစ်နဲ့ပါ တက်ခဲ့ရတဲ့ ရန်ကုန် ညဈေးတန်းရဲ့ သန့်စင်ခန်းဟာ ယခုအခါမှာတော့ လူရှင်းလို့နေပါပြီ။

တိုးတက်လာတဲ့ခေတ်နှင့်အညီ Home To Delivery စနစ်ကို အားပြုလှုပ်ရှား ရောင်းချရတဲ့ ညဈေးတန်းက အကြော်ဆိုင်တစ်ဆိုင်ပါ။

၂၀၁၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်ညဈေးတန်းရဲ့ ပထမဆုံး ဆိုက်ကားကယ်ရီပါ။ အခုတော့ မတွေ့ရတော့ပါဘူး။

Customer (စားသောက်သူ) မျှော်နေရတဲ့ စားသောက်ဆိုင်တစ်ဆိုင်က စားပွဲထိုးလေးတစ်ဦးကတော့ ငိုင်တိုင်တိုင်။

ဝယ်သူပါးလျလှတဲ့ ညဈေးတန်းရဲ့ သစ်သီးဆိုင်တစ်ဆိုင်ပါ။

ညဈေးတန်းမှာ ဖွင့်လှစ်ခဲ့တဲ့ ဆိုင်ခန်းတစ်ခုရဲ့ အသုံးပြုပစ္စည်းတစ်ခုပါ။