News

POST TYPE

RELAX

ဘုရားကျောင်းဘက်ကို စကတ်လှန်ပြနေသလို ဖြစ်နေတဲ့ မွန်ရိုးရုပ်တု
13-Jun-2018 tagged as



အမေရိကန်ပြည်ထောင်စု ကွန်နတ်တီကပ် ပြည်နယ်မှာ စိုက်ထူထားတဲ့ မွန်ရိုးရဲ့ စကတ်လန်နေတဲ့ အရုပ်ကြီးဟာ အနီးအနားက ဘုရားကျောင်းဘက်ကို စကတ်လှန်ပြနေသလိုဖြစ်နေလို့ ဝေဖန်ခံနေရပါတယ်။ ၂၆ ပေမြင့်တဲ့ မာရီလင်မွန်ရိုးရုပ်တုကို စတန်းဖို့ဒ်ပန်းခြံထဲမှာ စိုက်ထူထားပြီး ပန်းခြံအပြင်လမ်းရဲ့ တစ်ဖက်မှာတော့ ဘုရားကျောင်းတည်ရှိပါတယ်။ ဘုရားကျောင်းဘက်ကို မွန်ရိုးက နောက်ကျောပေးထားတဲ့ အနေအထားပါ။ ၁၉၅၅ ခုနှစ်များက နာမည်ကြီးတဲ့  The Seven Year Itch ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခုဖြစ်တဲ့ မွန်ရိုးဝတ်စုံအဖြူနဲ့ မြေအောက်လေကြောင့် စကတ်လန်နေပုံကို သရုပ်ဖော်ထားတဲ့ ရုပ်တုကြီးဖြစ်ပါတယ်။ ပထမဝတ်ပြုဆုတောင်းသူများအသင်းတော် ဘုရားကျောင်းဘက်ကနေကြည့်ရင် ဧရာမမွန်ရိုးရဲ့ အတွင်းခံဘောင်းဘီပေါ်အောင် စကတ်လန်နေတဲ့ နောက်ပိုင်းကို မြင်နေရပါတယ်။

ဖြတ်သွားဖြတ်လာများကတော့ ရုပ်တုကိုထိုနေရာမှာ စိုက်ထူခြင်းဟာ ဘုရားကျောင်းကို မလေးမစားလုပ်ရာကျတယ်လို့ ပြောနေကြပါတယ်။ အနုပညာရှင် စီးဝပ်ဂျွန်ဆင်ရဲ့ လက်ရာဖြစ်ပြီး အများသူငါ သွားလာအပန်းဖြေရာနေရာတွေမှာ စိုက်ထူပေးထားတဲ့ အနုပညာလက်ရာများထဲက တစ်ခုဖြစ်ပါတယ်။ 

F-02

  • VIA
  • TAGS