News

POST TYPE

RELAX

ကင်နဲ့ထရမ့် ပထမဆုံးနေ့လည်စာ ဘာစားကြမှာလဲ
12-Jun-2018

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့၏ ပထမဆုံး အလုပ်သဘော နေ့လည်စာ စားပွဲကို ဒေသစံတော်ချိန် (စင်ကာပူစံတော်ချိန်) ၁၁ နာရီခွဲတွင် ကျင်းပမည်ဖြစ်ပြီး အနောက်တိုင်းနှင့် ကိုရီးယားအစားအစာများ ရောနှောဧည့်ခံမည်ဖြစ်သည်။

အဦးဆုံးအနေဖြင့် ထောပတ်သီးဆလက်ဒ် ပုစွန်ကောက်တေး၊ သို့မဟုတ် သရက်သီးစိမ်း ကီရာဘူ သို့မဟုတ် ကိုရီးယားသခွားသီးအစာသွပ်ကို စားမြိန်စာအဖြစ် သုံးဆောင်ကြမည်ဖြစ်သည်။

ယင်းနောက်တွင် အမဲနံရိုးနှပ်ချက်၊ ဝက်ချိုစပ်အကြွတ်ကြော်တို့ကို ယန်ကျိုးထမင်းပေါင်းသို့မဟုတ် ကိုရီးယားပဲပိစပ်ငါးကြီးပေါင်း (ဒဲဂူဂျိုရင်း) ဖြင့် သုံးဆောင်ကြမည်ဖြစ်သည်။

အစားပိတ် အချိုပွဲအဖြစ် ဒါ့ခ် ချောကလက်အနှစ်ဆမ်း မုန့်ချို၊ ဗနီလာ ရေခဲမုန့် သို့မဟုတ် ထရိုပီဇီယန် မုန့်ချိုတို့ကို သုံးဆောင်မည်ဖြစ်သည်။

F-03

  • VIA