News

POST TYPE

RELAX

သရုပ်ဆောင် ဆုအိမ့်စံနှင့် တွေ့ဆုံခြင်း
11-Jun-2018 tagged as အနုပညာ



“ပြိုင်ကားသေးသေးလေးတွေလည်း ကြိုက်တယ်”

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဆုအိမ့်စံနဲ့တွေ့ဆုံပြီး သူစီးနေတဲ့ကားအကြောင်းလေး မေးမြန်းဖြစ်ခဲ့ပါတယ်။

Voice : ညီမလက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။ 
HES : ညီမလက်ရှိ Alphard စီးနေပါတယ်။

Voice : ဒီကားရဲ့အားသာချက်တွေက ဘာတွေရှိလဲ။
HES : ဒီကားရဲ့အားသာချက်က ဆုဆုတို့က အနုပညာအလုပ်လုပ်တာဆိုတော့ ကားထဲမှာပဲ အင်္ကျီလဲတာတို့ ဘာတို့ဆို ဒီကားက အဆင်ပြေတယ်လေ။ 

Voice : အားနည်းချက်ကရော ဘာတွေရှိလဲ။
HES : အားနည်းချက်ကတော့ ကားကနည်းနည်းကြီးတော့ ပါကင်တွေဘာတွေထိုးရတာ နည်းနည်းတော့ခက်တယ်။ 

Voice : ဒီကားအရင်ကရော ဘယ်လိုကားအမျိုးအစားတွေ စီးခဲ့ဖူးလဲ။ 
HES : တစ်လောကတော့ ဒီကားကအရမ်းကြီးလို့ဆိုပြီး အဖေက ဘေဘီကားသေးသေးလေးတော့ ဝယ်ပေးထားတယ်။ အဲဒီကားသေးသေးလေးကလည်း ခဏခဏတိုက်တယ်။ ဒါနဲ့ ပြန်ရောင်းလိုက်ရော။ 

Voice : ကားတွေအပေါ်မှာ ခရေဇီဖြစ်တာတို့၊ ဘာတို့ရော ရှိလား။ 
HES : အဲဒီလိုဖြစ်တာတို့၊ ဘာတို့တော့ ရှိတာပေါ့နော်။ ဆုဆုက မိန်းကလေးဆိုတော့ ကားသေးသေးလေးတွေ သဘောကျတယ်။ နောက်ပြီးတော့ ပြိုင်ကားသေးသေးလေးတွေလည်း ကြိုက်တယ်။ 

Voice : ကားသေးသေးလေးတွေနဲ့ ကားအကြီး အမျိုးအစားတွေမှာဆိုရင်ရော ဘယ်လိုပုံလေးတွေ ကြိုက်လဲ။ 
HES : ကားအသေးလေးတွေ၊ ဘာတွေကတော့ အပြင်တွေ၊ ဘာတွေ ထွက်မယ်ဆို ကောင်းတာပေါ့နော်။ ကားအကြီးတွေကျတော့ ခရီးတွေ၊ ဘာတွေ ထွက်လို့ကောင်းတယ်။ ဥပမာ - ပစ္စည်းတွေ၊ ဘာတွေ အများကြီးသယ်ရတာတို့၊ ဘာတို့ဆို အကြီးက အဆင်ပြေတာပေါ့။ 

Voice : ညဘက်တွေဘာတွေရော ကားလျှောက်မောင်းရတာတို့ဘာတို့ရော သဘောကျလား။
HES : အမှန်အတိုင်းပြောရရင် အရင်တုန်းကတော့ ဝါသနာပါတယ်။ အခုက ကားကိုမမောင်းချင်တော့တာ။ ကားလည်းမမောင်းတာကြာတော့ မောင်းရတာ တစ်မျိုးကြီးဖြစ်သွားတာ။

Voice : ဘယ်လိုခံစားရလဲ။
HES : ဆုဆုက စိတ်အရမ်းမြန်တော့ ကားမောင်းရင် ခဏခဏတိုက်တယ်။ ဒါပေမဲ့ ကံကောင်းတာက ရပ်ထားတဲ့ကားကို တိုက်မိတာတို့ ဘာတို့ပေါ့။ နောက်ပိုင်း ခဏခဏတိုက်တာနဲ့ မမောင်းဖြစ်တော့တာ။

Voice : ကားကရော ဘယ်အသက်အရွယ်ကတည်းက မောင်းခဲ့တာလဲ။
HES : ကားကတော့ ကားစမောင်းလို့ရတဲ့ အသက်အရွယ်ကတည်းက လိုင်စင်လုပ်ပြီးမောင်းဖြစ်ခဲ့တာ။ 

Voice : ပထမဆုံး ကားမောင်းခဲ့တုန်းက ဘယ်လိုခံစားရလဲ။
HES : ပထမဆုံးစမောင်းတုန်းကတော့ အရမ်းအဆင်ပြေတယ်ဆိုပြီး နင်းကန်အရှိန်တွေတင်မောင်း။ အဲဒီလိုတွေဖြစ်တာပေါ့။ ပြီးတော့ အရမ်းကို မြန်မြန်တွေသွားချင်တာ။ ရှေ့ကကားက နှေးနေရင် ဘာလုပ်နေတာလဲမသိဘူး၊ သွားတာမဟုတ်ဘူး ဘာညာနဲ့ စိတ်တွေအရမ်းမြန်တာပေါ့နော်။ နောက်ပိုင်းကျ ခဏခဏတိုက်ပါများတော့ တစ်မျိုးကြီးဖြစ်ပြီး မမောင်းချင်တော့တာ။ 

ခိုင်ချယ်ရီထွန်း