News

POST TYPE

RELAX

စပိန် ဆိုရှယ်လစ်ဝန်ကြီးချုပ်သစ် ပီဒရိုဆန်းချက် ကျမ်းသစ္စာကျိန်ဆို
04-Jun-2018


မက်ဒရစ်၊ ဇွန် ၃

စပိန်နိုင်ငံတွင် အဂတိလိုက်စားသည်ဟူသော စွဲချက်များကြောင့် ဝန်ကြီးချုပ် မာရီယာနိုရာဟွိုင်း သောကြာနေ့က ရာထူးမှ ထုတ်ပယ်ခံလိုက်ရပြီးနောက် တစ်နေ့တွင် ဆိုရှယ်လစ်ဝါဒီတစ်ဦးဖြစ်သူ ပီဒရိုဆန်းချက် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ထို့ကြောင့် ပီဒရိုဆန်းချက်သည် ၁၉၇၀ ပြည်နှစ်များအတွင်း စပိန်၌ ဒီမိုကရေစီ ဖော်ဆောင်နိုင်ခဲ့ပြီးနောက်ပိုင်း ခုနစ်ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာသည်။ 

ပီဒရိုဆန်းချက်တွေ့ကြုံရမည့် အဓိက စိန်ခေါ်မှုများမှာ ကတ်တလိုးနီးယားပြည်နယ် ခွဲထွက်ခွင့်နှင့်ပတ်သက်သည့် ပြဿနာများအတွက် အဖြေရှာရေးပင် ဖြစ်သည်။ ပီဒရိုဆန်းချက်သည် စပိန်ဘုရင် ဖိလစ်ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်းဖြစ်သည်။ 

ပီဒရိုဆန်းချက် ကျမ်းသစ္စာကျိန်ဆိုရာတွင် သမ္မာကျမ်းစာအုပ် သို့မဟုတ် လက်ဝါးကတ်တိုင် စသည်တို့မပါဝင်ခဲ့ဘဲ အခြေခံဥပဒေစာအုပ်သာ ပါရှိခဲ့ရာ ယင်းဖြစ်ရပ်သည် စပိန်၏ ခေတ်သစ်သမိုင်းတွင် ပထမဆုံးဖြစ်သည်။

ပီဒရိုဆန်းချက်၏ ဆိုရှယ်လစ်ပါတီသည် အမတ်နေရာ ၃၅၀ ရှိသော ပါလီမန် လွှတ်တော်တွင် ၈၄ နေရာသာရရှိထားသော်လည်း လက်ဝဲယိမ်း ပိုဒီမိုပါတီနှင့် အခြားအမျိုးသားရေးပါတီငယ်များ၏ ပံ့ပိုးမှုကြောင့် ဝန်ကြီးချုပ်ဖြစ်လာခြင်းလည်း ဖြစ်သည်။ 

၎င်းက မီဒီယာများနှင့်တွေ့ဆုံရာတွင် မိမိ၏အစိုးရအဖွဲ့သစ်အနေနှင့် ၂၀၂၀ ပြည့်နှစ်လယ်ပိုင်းအထိ အုပ်ချုပ်မှုများပြုလုပ်သွားရန် ဦးတည်ထားကြောင်း ပြောကြားသည်။ 

BBC သတင်းအရ ပီဒရိုဆန်းချက်အနေနှင့် လာမည့်သတင်းပတ်အတွင်း စပိန်အစိုးရအဖွဲ့သစ်တွင် မည်သူမည်ဝါတို့အား ခန့်အပ်မည်ဟူသောကိစ္စအား စဉ်းစားဆုံးဖြတ်မည်ဖြစ်သည်။

F-01