News

POST TYPE

RELAX

ဂီတလုပ်ငန်းတွေနားပြီး ကျောင်းတက်ချင်နေတယ်လို့ အဒဲလ် ဆို
20-Sep-2016
ကမ္ဘာပေါ်မှာ တေးသီချင်း အယ်လ်ဘမ်အများဆုံး ရောင်းချရတဲ့ အမျိုးသမီး အဆိုတော်တစ်ဦး ဖြစ်တဲ့ အဒဲလ်ကတော့ ဂီတလုပ်ငန်းတွေ ခဏနားပြီး တက္ကသိုလ်တက်ဖို့ စဉ်းစားနေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

အင်္ဂလန်မှာရှိတဲ့ နည်းပညာတက္ကသိုလ်လေး တစ်ခုမှာ ပညာသင်ကြားခဲ့ရတဲ့ အဒဲလ်က ဟားဗတ်တက္ကသိုလ်မှာ ပညာသင်ချင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အဲဒီတက္ကသိုလ်မှာ နာမည်ကြီးတွေဖြစ်ကြတဲ့ ဘီလ်ဂိတ်၊ မတ်ဇူကာဘတ်နဲ့ နာတာလီပို့တ်မင်းတို့ တက်ရောက်ဖူးပြီး အဒဲလ်ကလည်း အဲဒီတက္ကသိုလ်မှာ ပညာသင်ကြားဖို့ စိတ်ကူးနေတာပါ။

“တက္ကသိုလ်တက်ဖို့ ကျွန်မမှာ တကယ်စိတ်ကူး ရှိပါတယ်။ လက်ရှိအချိန်မှာ မဖြစ်နိုင်သေးဘူး ဆိုပေမယ့် အဲဒါက ကျွန်မ မဖြစ်မနေလုပ်ဖို့ စီစဉ်ထားတဲ့ အရာတစ်ခုပါ။ ကျောင်းတက်နေတဲ့ အချိန်အတွင်းမှာ ကျွန်မ ဘာသီချင်းကိုမှ လုပ်ဖို့ စိတ်ကူးရှိမှာ မဟုတ်ဘူး” လို့ အဒဲလ်က ပြောပါတယ်။

Ref: Huffington Post