News

POST TYPE

RELAX

ဗြိတိန်ထုတ် ပိုက်ဆံအသစ် ရေနဲ့လျှော်လို့ရပြီတဲ့
14-Sep-2016

ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့စကားက ဗြိတိန်က ထုတ်တဲ့ပိုက်ဆံငွေကြေး အသစ်မှာတော့ အကောင်အထည် ပေါ်သွားပါပြီ။ ပိုက်ဆံအသစ် ထုတ်ရာမှာ ပလပ်စတစ်နဲ့ ထုတ်ခဲ့ပြီး ရေနဲ့လျှော်လို့တောင် ရပါသတဲ့။ အသစ် ထပ်ထုတ်လိုက်တဲ့ ၅ ပေါင်တန်ကို ငွေစက္ကူလို့ ခေါ်လို့ မရတော့ဘဲ ငွေပလပ်စတစ်လို့ ခေါ်ရမလို ဖြစ်နေပါပြီ။ ဒီငွေဟာ စက္ကူငွေထက် ပိုပြီး သန့်စင်၊ ပိုပြီး စိတ်ချရကာ လွယ်လင့်တကူလည်း မပြဲနိုင်ဘူးလို့ အင်္ဂလန် ဗဟို ဘဏ်အရာရှိတွေက ပြောထားပါတယ်။

အတုရန်ကလည်း ကာကွယ်ရာ ရောက်အောင် စမ်းသပ်ပြီး ထုတ်လုပ်ကြည့်တာ ဖြစ်ပါတယ်လို့ သူတို့က ဆိုပါတယ်။ စက္ကူနေရာမှာ ပလပ်စတစ် ပြောင်းသွားပေမယ့် ဒီဇိုင်းကတော့ မပြောင်းပါဘူး။ ငါးပေါင်တန် ငွေစက္ကူမှာ ဝန်ကြီးချုပ်ချာချီပုံက နဂိုကအတိုင်း ခန့်ခန့်ကြီးပါပဲ။ ၁ဝ ပေါင်တန် ငွေစက္ကူနဲ့ ပေါင် ၂ဝ တန်တွေကိုလည်း ခုလိုမျိုး ပလက်စတစ်နဲ့ ပြောင်းထုတ်ဖို့ အစီအစဉ် ရှိပါတယ်။ လက်ရှိ ၅ ပေါင်တန် ငွေစက္ကူတွေကိုတော့ မေလ ၅ ရက်နေ့အထိ သုံးလို့ ရသေးတယ်လို့ ကြေညာထားပါသတဲ့။

Ref : UPI


  • VIA