News

POST TYPE

RELAX

ပရိသတ်တွေ့ရဲ့ အသိအမှတ်ပြု အားပေးမှုကို ရချင်လို့ Sexy Pose တွေ ရိုက်ခဲ့ရတာပါဆိုတဲ့ ဘေဘီမောင်
13-Sep-2016

ရန်ကုန်၊ စက်တင်ဘာ ၁၃

အနုပညာ လောကကို စတင် ဝင်ရောက်ခဲ့တဲ့ ကာလတစ်ခုမှာ Sexy Pose တွေ ရိုက်ဖြစ်ခဲ့တာက ပရိသတ်တွေရဲ့ အသိအမှတ်ပြု အားပေးမှုကို ရချင်ခဲ့လို့ပါလို့ သရုပ်ဆောင် ဘေဘီမောင်က The Voice ကို ပြောကြားပါတယ်။

“ဒီလို ဓာတ်ပုံတွေ ရိုက်ခဲ့တာကလည်း ရိုက်ချင်လို့ ရိုက်တာ မဟုတ်ပါဘူး။ ကိုယ်တွေမှာက တင်ပေးမယ့် လူလည်း မရှိဘူး။ ကိုယ့်ထူးကိုယ်ချွန် ကြိုးစားရတဲ့အခါမှာ ကိုယ့်မှာရှိတဲ့ အလှအပလေး တစ်ခုကို ပရိသတ်တွေကို ပြချင်လို့ပါ။ အဲ့ဒီလို ပုံတွေ ရိုက်တဲ့အတွက် လူတွေက ညီမတို့ကိုဆို အမြဲတမ်း နှိမ်ချင်ကြတယ်”လို့ Sexy Pose တွေ ရိုက်ခဲ့ရတဲ့ အကြောင်းရင်းကို ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။

လက်ရှိ အချိန်မှာတော့ ပရိသတ်တွေရဲ့ အားပေးမှုလည်း အထိုက်အလျောက် ရလာပြီ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်တွေကို ယခင်ကနဲ့ မတူအောင် ဆင်ခြင်ဖြစ်ပြီး၊ အဝတ်အစား ဝတ်ရင်လည်း ခေတ်နဲ့အညီ အမြင် မရိုင်းအောင်ဘဲ ဝတ်ဖြစ်ကြောင်း ဘေဘီမောင်က ပြောကြားပါတယ်။

“ကိုယ်ဒီလောကကို စဝင်စကာလမှာ ကိုယ့်ကို တင်ပေးမယ့်သူ မရှိတော့ ကိုယ့်ဟာကိုယ် ပြန်တင်ခဲ့ရတဲ့ သဘောပေါ့လေ။ ကိုယ့်အတွက် အနုပညာ လောကမှာ လမ်းကြောင်းလေး တစ်ခု ပွင့်သွားအောင် လုပ်ခဲ့တာပါ။ အခုချိန်မှာ ဒီဓာတ်ပုံတွေ ရိုက်ခဲ့တဲ့အတွက် ကိုယ့်အတိတ်မှာ အမည်းစက် တစ်ခု အနေနဲ့ ကျန်ခဲ့တာပေါ့။ ရည်းစားထားရင်တောင် ရည်းစားရဲ့ အမေက သဘောတူချင်မှ တူမှာလို့ တွေးမိတယ်”လို့ ၎င်းက ဆိုပါတယ်။


  • VIA