News

POST TYPE

RELAX

ဗြိတိန် မော်ဒယ်လ် တစ်ယောက် ကမ္ဘာ့ အသက်အငယ်ဆုံး မုတ်ဆိတ်ကျင်စွယ် မယ်အဖြစ် မှတ်တမ်းဝင်မည်
13-Sep-2016
အသက် ၂၄ နှစ်သာ ရှိသေးတဲ့ ဗြိတိန်မော်ဒယ်ဟာ နန်ကားဟာ အငယ်ဆုံး မုတ်ဆိတ် ကျင်စွယ်ပေါက်သူ မိန်းကလေးအဖြစ် ဂရင်းနစ် စာအုပ်မှာ စံချိန်တင် သွားခဲ့ပါတယ်။ မုတ်ဆိတ်ကို မရိတ်ဘဲ ထားလိုက်တော့မှပဲ ပိုပြီး ဆွဲဆောင်မှု ရှိလာပြီးတော့ မိန်းမ ပိုဆန်သွားတယ်လို့ ခံစားရကြောင်း သူမက ပြောပြပါတယ်။

ဗြိတိန်က ဆလော့လို့ အမည်ရတဲ့ မြို့သူ ဖြစ်ပြီးတော့ လျှောက်လမ်းပေါ်မှာ တင်ဆက်နေတဲ့ မော်ဒယ်လ် တစ်ဦးလည်း ဖြစ်ပါသတဲ့။ မျက်နှာမှာ အမွေးတွေ အများကြီး ရှိနေတဲ့အတွက် ကျောင်းမှာတုန်းကလည်း ပြောဆို ခံရမှုများ ရှိတယ်လို့ ဟာနန်က ပြောပြပါတယ်။ ခုဆိုရင် ခန္ဓာကိုယ်မှာလည်း မိန်းကလေးတွေ  မပေါက်တဲ့ အမွေးအမျှင်တွေ ပေါက်လာပြီးတဲ့နောက် သူဟာ ဆစ်ခ်တစ်ဦးအဖြစ် ခံယူလိုက်ပြီး မရိတ်တော့ပါဘူး။

အလွန် ရှားပါးတဲ့ ဟော်မုန်း ပြောင်းလဲမှု ဖြစ်စဉ်ကို သူ့ခန္ဓာကိုယ်က ကြုံနေရတာဖြစ်ပြီး အမျိုးသား တစ်ဦးလို အမွေးအမျှင်တွေ ပေါက်နေတာ ဖြစ်ပါသတဲ့။ ခုလိုဖြစ်လာတာကြောင့် ကျောင်းမှာရော၊ လမ်းပေါ်မှာပါ နောက်ပြောင်ခံရပါသတဲ့။ အွန်လိုင်းပေါ်ကနေလည်း ကြမ်းကြမ်းတမ်းတမ်း ပြောတာတွေ ခံရပါသေးတယ်။

ဘာပဲဖြစ်နေနေ သူမကတော့ စိတ်ပျက်စရာ မုတ်ဆိတ် ရိတ်ရတဲ့အလုပ်ကို မလုပ်တော့ဘဲ ခုဆို ခြောက်လက်မလောက်ရှိတဲ့ မုတ်ဆိတ်နဲ့ ကမ္ဘာ့စံချိန် စာအုပ်ထဲမှာ နေရာ ယူလိုက်ပါပြီ။ အမျိုးသမီး တစ်ယောက်ဟာ သူ ဘယ်လိုပုံစံနဲ့ ရှိချင်သလဲ ဆိုတာကို သူကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်ဆိုတဲ့ သတင်းစကားကိုလည်း အမျိုးသမီးတွေကို ပေးချင်တာ ဖြစ်ပါသတဲ့။

Ref : UPI


  • VIA