News

POST TYPE

RELAX

ဂျေ၊ ကေ ရိုးလင်းရဲ့ ဇိမ်ခံရွက်လှေ ပေါင် ၁၅ သန်းနဲ့ ပြန်ရောင်းမယ်
13-Sep-2016
ဟယ်ရီပေါ်တာ ဝတ္ထုတွေနဲ့ ကမ္ဘာကျော်လာခဲ့တဲ့ ဗြိတိသျှ စာရေးဆရာမ ဂျေ၊ ကေ ရိုးလင်းက သူမရဲ့ ဇိမ်ခံရွက်လှေကို ပြန်ရောင်းဖို့ စီစဉ်နေပြီး ပေါင် ၁၅ သန်း ဈေးခေါ်ထားပါတယ်။

ဂျေ၊ကေရိုးလင်းဟာ ယင်းသင်္ဘောကို ယခုနှစ်ဇန်နဝါရီလအတွင်းကမှ ဟောလိဝုဒ်ရဲ့ထိပ်တန်းအမျိုးသားသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဂျွန်နီဒက်ပ် ဆီကနေ ဝယ်ယူထားတာ ဖြစ်ပါတယ်။

ဂျေ၊ ကေ ရိုးလင်းဟာ မိသားစု အပန်းဖြေ ခရီးထွက်ဖို့ အဆိုပါရွက်လှေကို ဝယ်ယူခဲ့တာ ဖြစ်ပြီး အခုအခါမှာ သူမရဲ့ ခင်ပွန်း၊ သား နှစ်ဦးတို့နဲ့အတူ ခရီးထွက်ပြီးပြီ ဖြစ်တဲ့အတွက် ပြန်ရောင်းဖို့ စီစဉ်တာလို့ ယူဆရပါတယ်။

အဆိုပါ ရွက်သင်္ဘောဟာ သင်္ဘောသား ၁၀ ဦးခန့်နဲ့ ဧည့်သည် ၁၀ ဦးခန့်အထိ တင်ဆောင်နိုင်ပြီး ရွက်လှေပေါ်မှာ ဖျော်ဖြေရေး ပစ္စည်း မျိုးစုံလည်း ပါဝင်ပါတယ်။

ဂျေ၊ ကေ ရိုးလင်းဟာ လက်ရှိအချိန်မှာ ပေါင် သန်း ၅၈၀ ခန့်အထိ ကြွယ်ဝလိမ့်မယ်လို့ မီဒီယာတွေက ခန့်မှန်း ထားပါတယ်။

Ref : Daily Mail



  • VIA