News

POST TYPE

RELAX

တွမ်ဟင့် ဇာတ်ကားသစ် Sully တစ်ပတ်တာ ဝင်ငွေအကောင်းဆုံး စာရင်းကို ဦးဆောင်
13-Sep-2016
မင်းသားကြီး တွမ်ဟင့်ရဲ့ဇာတ်ကားသစ် Sully ကတော့ ဒီတစ်ပတ်ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် ရပ်တည်ခဲ့ပြီး Box Office ရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဝါနာဘရို့စ် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်လိုက်တဲ့ Sully ဟာ ပထမဆုံး ရုံတင်တဲ့ အပတ်မှာပဲ ပရိသတ်ရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ ကနေဒါ နှစ်နိုင်ငံ အတွင်းမှာတင် ဒေါ်လာ ၃၅ သန်းလောက် ဝင်ငွေရခဲ့ပါတယ်။

ဒါရိုက်တာ ကလင့်အိစ်ဝုဒ် ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် အခြေခံ Sullyရုပ်ရှင်ဟာ မြောက်အမေရိက ရုပ်ရှင်ဈေးကွက်မှာတော့ အပေါက်ဆုံးကား ဖြစ်ခဲ့ပြီး နိုင်ငံတကာရုပ်ရှင် ဈေးကွက်မှာ ရောင်းချခြင်းကနေပြီးလည်း ဒေါ်လာ ၉ သန်းကျော်လောက် ဝင်ငွေရရှိထားပါတယ်။

ကုန်ကျစရိတ် သန်း ၆၀ အသုံးပြုထားရတဲ့ Sully ဟာ ထင်ထားတာထက် အမြတ်အစွန်း ပိုရလိမ့်မယ်လို့ ဝါနာဘရို့စ်က မျှော်လင့်နေပြီး Box Office မှာ အချိန်ကြာကြာ ဦးဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Ref: Dailymail