News

POST TYPE

RELAX

ဟောင်ကောင်ရဲ့ မဒမ်တူးဆော့ ပြတိုက်ထဲက ပထမဆုံး ကိုရီးယားမင်းသမီး ဖယောင်းရုပ်ထု
12-Sep-2016
တောင်ကိုရီးယားရဲ့ နာမည်ကျော် သရုပ်ဆောင်၊ အဆိုတော် ဆူဇီဟာ ဟောင်ကောင်ရဲ့ မဒမ်တူးဆော့ ပြတိုက်ထဲမှာ ပုံတူ ဖယောင်းရုပ်တုအဖြစ် ဂုဏ်ပြုခြင်းကို ခံခဲ့ရပါတယ်။

ဟောင်ကောင်၊ မဒမ်တူးဆော့ ပြတိုက်ထဲမှာ ဆူဇီဟာ ပထမဆုံး ဖယောင်းရုပ်ထုလုပ်ခံရတဲ့ ကိုရီးယား အမျိုးသမီး အနုပညာရှင် ဖြစ်လာခဲ့ပြီး အဲဒီ ပြတိုက်ထဲမှာ တောင်ကိုရီးယား အမျိုးသား သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဘေယောင်ဂျွန်း၊ လီမင်ဟို၊ ကင်ဆိုးဟွန်၊ လီဒေါင်ဆွတ် တို့အပြင် စူပါဂျူနီယာအဖွဲ့က ချွိုင်ဆီဝန်ရဲ့ ရုပ်ထုလည်း ရှိနေပါတယ်။

ဆူဇီကတော့ သူမရဲ့ ချစ်သူဖြစ်တဲ့ လီမင်ဟိုနဲ့အတူ ဖယောင်းရုပ်ထု အတူရှိခွင့်ရလို့ ပျော်ရွှင်မိတယ်လို့ သူမရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားသွားခဲ့ပြီး လက်ရှိအချိန်မှာတော့ ကြာသပတေးနေ့မှာ ပြုလုပ်မယ့် TV Show တစ်ခုအတွက် ပြင်ဆင်နေတယ်လို့ ရေးသား သွားခဲ့ပါတယ်။

Ref : Kpopherald


  • VIA