News

POST TYPE

RELAX

ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ လစ်တဲဝိန်း သီချင်းသစ်တစ်ပုဒ်နဲ့ ပြန်လည်ပေါ်ထွက်
12-Sep-2016
တစ်ကမ္ဘာလုံး အတိုင်းအတာ အနေနဲ့ သီချင်းအယ်လ်ဘမ်ပေါင်း သန်း ၁၀၀ ကျော် ရောင်းချခဲ့ရပြီး ရောင်းအားအကောင်းဆုံး အဆိုတော်တွေထဲက တစ်ယောက်ဖြစ်ခဲ့တဲ့ အမေရိကန် ရက်ပ်ပါ လစ်တဲဝိန်းကတော့ သူ့ရဲ့ ကြာမြင့်စွာ ပျောက်ကွယ်နေမှုကို သီချင်းအသစ် တစ်ပုဒ်နဲ့ အဆုံးသတ်လိုက်ပါတယ်။

၂၀၁၆ ဇန်နဝါရီမှာ ရက်ပ်ပါ 2 Chainz နဲ့ သီချင်းတစ်ပုဒ် တွဲဆိုပြီးတဲ့နောက်မှာ လစ်တဲဝိန်းကို ဘယ်ပွဲ၊ ဘယ်အစီအစဉ်မှာမှ မတွေ့ရတော့ပဲ အခုအချိန်မှာမှ သီချင်းအသစ် တစ်ပုဒ်နဲ့ ပြန်လည်ပေါ်ထွက်လာခဲ့တာပါ။

Greatful လို့ အမည်ရတဲ့ လစ်တဲဝိန်းရဲ့ သီချင်းသစ်မှာ ကူညီသီဆိုသူအဖြစ် Gudda Gudda က ပါဝင်ထားပြီး အွန်လိုင်းမြူးဇစ် စတိုးတွေမှာ ဝယ်ယူလို့ ရနေပါပြီ။

အသက် ၃၃ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ လစ်တဲဝိန်းဟာ သူ့ရဲ့ ကျန်းမာရေး အခြေအနေကြောင့် အသက် ၃၅ နှစ်အရွယ်မှာ အနားယူတော့မယ်လို့ တရားဝင် ကြေညာထားခဲ့ပြီး ဒီသီချင်းက သူ့ရဲ့ စိတ်ဓာတ်ကျမှုတွေကနေ ပြန်လာနိုင်ပြီဆိုတာ ပြသနိုင်ခဲ့တာပါလို့ သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားသွားခဲ့ပါတယ်။

Ref: TheSun