News

POST TYPE

RELAX

ဧရာမတောဝက်ကြီး မြို့ပေါ်တက်၊ အမှိုက်ပုံးဖွင့် အစာရှာ
13-Feb-2018 tagged as

ဟောင်ကောင်တစ်ဝန်းက လူမှုကွန်ရက်တွေပေါ်မှာ ဒီရက်ပိုင်း လူကြည့်များနေတဲ့ ဗီဒီယိုဖိုင်တစ်ခု ရှိပါတယ်။ ဧရာမအရွယ်အစား တောရိုင်းဝက်ကြီးတစ်ကောင်ဟာ တပည့်တပန်းတွေနဲ့ မြို့ပေါ်တက်လာပြီး အမှိုက်ပုံးကိုဖွင့် အစာစားနေတဲ့ပုံ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ တောဝက်ကြီးဟာ အတော်မြင့်တဲ့ အမှိုက်ပုံးအဖုံးကို လှမ်းဖွင့်ပြီး စားသောက်နေပြီးတော့ နောက်လိုက်နောက်ပါ တောဝက်လေး နှစ်ကောင်က စောင့်ဆိုင်းနေကြပါတယ်။ လူမှုကွန်ရက်ပေါ်မှာ မှတ်ချက်ပြုသူများကတော့ အဆိုပါအမှိုက်ပုံးနဲ့ မနီးမဝေးမှာ ကျောင်းရှိတာကြောင့် ကလေးတွေအတွက် အန္တရာယ်ရှိနိုင်ကြောင်း ပြောနေကြပါတယ်။ ဟောင်ကောင်ကျွန်းမှာ တောဝက်တွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ သာမန်အားဖြင့်တော့ အဆိုပါ တောဝက်များဟာ မြို့ပြကို လာခဲပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တိုင်မိုရှန်ဥယျာဉ်နားကလမ်းမှာ တောဝက်အကာင်ပေါက်ငါးကောင် ကားတိုက်ခံထားရပြီး သေဆုံးနေပါတယ်လို့ ဟောင်ကောင်ရဲက ပြောကြားထားပါတယ်။

F-02

  • TAGS