News

POST TYPE

RELAX

အိုလံပစ်ပွဲတက် နော်ဝေအားကစားအဖွဲ့ ကြက်ဥအလုံး တစ်သောင်းခွဲ မှားယွင်းဝယ်ယူမိ
10-Feb-2018 tagged as

နော်ဝေအိုလံပစ်အဖွဲ့ဟာ ဆောင်း ရာသီအိုလံပစ်ပြိုင်ပွဲ တောင်ကိုရီးယားကို သွားမပြိုင်ခင် ဟိုမှာ စားဖို့သောက်ဖို့ ကြက်ဥအလုံး ၁၅၀၀ မှာချင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အမှာစာကို Google ဘာသာပြန် ဝန်ဆောင်မှုနဲ့ ပေးပို့ခဲ့ရာမှာ ဘာသာပြန် အမှားကြောင့် ကြက်ဥအလုံး တစ်သောင်းခွဲ မှာမိသလို ဖြစ်ခဲ့ပါတယ်။

ထရပ်ကားတစ်စီးနဲ့ ကြက်ဥတွေ လာချတဲ့အခါမှာ မထင်မှတ်လောက်တဲ့ ပမာဏနဲ့ ဖြစ်နေတာကို အံ့အားသင့်စရာ သိရှိခဲ့ရတာဖြစ်ပါတယ်။

“ကားပေါ်ကနေချရတဲ့ ကြက်ဥအရေအတွက်က မဆုံးတော့ဘူး”ဟု နော်ဝေ အိုလံပစ်ကော်မတီ ပြောခွင့်ရအရာရှိ ဟယ်ဗာလီက ပြောကြားခဲ့ပါတယ်။

နော်ဝေအိုလံပစ်အသင်းရဲ့ စားဖို မှူးချုပ်ဟာ ပိုတဲ့ကြက်ဥ တစ်သောင်းသုံး ထောင့်ငါးရာကို ပြန်အပ်ဖို့အတွက် အောင်မြင်စွာ ကြိုးစားခဲ့ပါတယ်။

တောင်ကိုရီးယား ဘာသာစကားမှာ တစ်ထောင့်ငါးရာနဲ့ တစ်သောင်းခွဲက သိပ်မကွာတာမို့ လွဲသွားခဲ့တာပါတဲ့။ 

F-02

  • TAGS