News

POST TYPE

RELAX

မိတ္ထီလာတွင် ဆိုင်ကယ်ပြုပြင်နည်းသင်တန်း ပညာဒါနဖွင့်မည်
26-Jan-2018
မိတ္ထီလာ၊ ဇန်နဝါရီ ၂၅

မိတ္ထီလာမြို့ ကျီတော်ကုန်းမြောက် ကျောင်းတိုက်အတွင်း ဖေဖော်ဝါရီလ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ ဆိုင်ကယ်ပြုပြင်နည်းသင်တန်း ပညာဒါနဖွင့်မည်ဖြစ်ကြောင်း သင်တန်းဖြစ်မြောက်ရေးတာဝန်ခံ ဦးခင်ကိုလတ်က ပြောကြားသည်။

ကားနှင့်ဆိုင်ကယ် နည်းပညာများကို စဉ်ဆက်မပြတ်ဖော်ပြလျက်ရှိသော C & C INFO NEWS AGENCY ၏ စီစဉ်မှုဖြင့် EFI (Electronic Fuel Injection) စနစ်ကို အသုံးပြုသော ဆိုင်ကယ်များကို ပြုပြင်နည်း အခမဲ့သင်ကြားပေးမည်ဟု ၎င်းက ပြောဆိုသည်။

အဆိုပါသင်တန်းတွင် လူဦးရေ ၁၀၀ ခန့် လက်ခံပေးမည်ဖြစ်ကာ မော်တော်ကားနှင့်ပတ်သက်သော EFI သင်တန်း ထပ်မံဖွင့်လှစ်နိုင်ရန် ကြိုးစားနေကြောင်း၊ ပခုက္ကူမြို့၌လည်း ဖေဖော်ဝါရီလ ၂၁ မှ ၂၃ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မိတ္ထီလာမြို့၌ လက်ရှိအချိန်တွင် EFI စနစ်ကို ပြင်နိုင်သည့်ဝပ်ရှော့ (စက်ပြင်အလုပ်ရုံ) သုံးခုခန့်သာ ရှိသေးကြောင်း မိတ္ထီလာမြို့ခံများထံမှ သိရသည်။ 

သင်တန်းတက်လိုသူများအနေနှင့် ဖုန်းနံပါတ် ဝ၉ - ၇၉၅၇၇၇၅၀၁ (မိတ္ထီလာ) နှင့် ဝ၉ -၉၇၈၈၄၉၃၃၄ (ပခုက္ကူ) သို့ ဆက်သွယ်ကာ စာရင်းပေးသွင်းနိုင်သည်။

R-01