News

POST TYPE

RELAX

စက်တင်ဘာ ၉ ရက်မှာ လေဒီဂါဂါ သီချင်းအသစ်ထွက်မယ်
08-Sep-2016
အလက်ထရိုပေါ့ပ် သီချင်းတွေနဲ့ နာမည်ကြီး အဆိုတော်တစ်ယောက် အဖြစ် ရပ်တည်နေတဲ့ လေဒီဂါဂါကတော့ သူမရဲ့ Single Album အသစ်ကို စက်တင်ဘာ ၉ ရက်နေ့မှာ စတင်ဖြန့်ချိသွားမယ်လို့ ကြေညာလိုက်ပါတယ်။

မာလီဘူးက ရှန်ဂရီလာ စတူဒီယိုမှာ အသံသွင်းထားတဲ့ Perfect Illusion ဆိုတဲ့ သီချင်းသစ်ဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ ထွက်လာမယ့် Perfect Illusion အယ်လ်ဘမ်ရဲ့ ခေါင်းစီးသီချင်းလည်း ဖြစ်ပါတယ်။

၂၀၁၆ ဖေဖော်ဝါရီတုန်းက ထွက်ရှိခဲ့တဲ့ စာရင်းမှတ်တမ်းတွေအရ ဝင်ငွေ ၂၇၅ သန်းအထိ ရရှိနေတဲ့ လေဒီဂါဂါ အတွက်တော့ Perfect Illusion ဟာ လက်ရာမြောက်တဲ့ နောက်ထပ် သီချင်းအယ်လ်ဘမ် တစ်ခု ဖြစ်လာပြီး ဝင်ငွေစာရင်းမှာလည်း ထပ်မံမြင့်တက်သွားဖွယ် ရှိတယ်လို့ စတူဒီယိုဘုတ် ဝက်ဆိုက်က ဖော်ပြခဲ့ပါတယ်။

လေဒီဂါဂါကတော့ ဒီသီချင်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို သူမရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြသွားခဲ့ပြီး သီချင်းစာသားတွေကိုလည်း သူမရဲ့ ဓာတ်ပုံတွေနဲ့ တွဲဆက်လို့ တင်ဆက်မှု ပုံစံတစ်မျိုးနဲ့ ပုံဖော်ပြသွားခဲ့ပါတယ်။

Ref: Studioboard.com