News

POST TYPE

RELAX

သမီးဖြစ်သူနဲ့ ဂျက်စတင်ဘီဘာရဲ့ ဆက်ဆံရေးအပေါ် မှတ်ချက် မပေးချင်ဘူးလို့ လိုင်ယွန်နယ်ရစ်ချီ ပြော
07-Sep-2016

တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ပေါ့ပ်နဲ့ ပေါ့ပ်ရော့ခ် အဆိုတော်ကြီး လိုင်ယွန်နယ်ရစ်ချီကတော့ သမီးဖြစ်သူ ဆိုဖီယာနဲ့ ပေါ့ပ်စတား ဂျက်စတင်ဘီဘာတို့ကြားက ဆက်ဆံရေးကို မှတ်ချက်ပေးဖို့ ငြင်းဆိုလိုက်ပါတယ်။

လိုင်ယွန်နယ်ရစ်ချီရဲ့ သမီးဖြစ်တဲ့ ၁၈ နှစ်အရွယ် မော်ဒယ်မလေး ဆိုဖီယာနဲ့ ဂျက်စတင်ဘီဘာတို့ရဲ့ဇာတ်လမ်းက ဓာတ်ပုံတွေ အနေနဲ့ရော၊ ဗီဒီယိုဖိုင်တွေ အနေနဲ့ပါ ဟိုးလေး တကြော်ကြော် ဖြစ်နေကြပေမယ့် သူ့အနေနဲ့ သမီးဖြစ်သူရဲ့ အချစ်ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ဘာမှ ပြောဖို့ မရှိဘူးလို့ ရစ်ချီက ဆိုပါတယ်။

ဆိုဖီယာ အတွက်တော့ သူမရဲ့ဘဝမှာ သံယောဇဉ်ရှိရသူ နှစ်ယောက်လုံးက ပေါ့ပ်စတားတွေ ဖြစ်နေခဲ့ကြပြီး မှတ်ချက်ပေးဖို့ မရှိဘူးလို့ ပြောခဲ့တဲ့ လိုင်ယွန်နယ်ရစ်ချီရဲ့ စကားအရတော့ လိုင်ယွန်နယ်ဟာ သမီးဖြစ်သူရဲ့ အချစ်ဇာတ်လမ်းကို သိပ်ပြီး သဘောကျပုံ မရဘူးလို့ မီဒီယာတွေက မှတ်ချက် ပေးခဲ့ကြပါတယ်။

Ref : The Sun


  • VIA