News

POST TYPE

RELAX

Baar Baar Dekho ဟာ သူမအတွက် အရေးကြီးတဲ့ ရုပ်ရှင်လို့ ကတ်ထရီနာကိဖ် ထုတ်ဖော်
07-Sep-2016
ဘောလိဝုဒ် ရုပ်ရှင်လောကရဲ့ နာမည်ကျော် အမျိုးသမီး သရုပ်ဆောင် ကက်ထရီနာကိဖ်ကတော့ မကြာခင် ထွက်ရှိလာတော့မယ့် Baar Baar Dekho ဆိုတဲ့ ရုပ်ရှင်ကားဟာ သူမအတွက် အရေးကြီးတဲ့ ရုပ်ရှင်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

၂၀၁၅ ခုနှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ Phantom ရုပ်ရှင်ကားနဲ့ ၂၀၁၆ ဧပရယ်မှာ ထွက်ရှိခဲ့တဲ့ Fitoor ရုပ်ရှင်ကားတွေဟာ ထင်သလောက် အောင်မြင်မှု မရခဲ့ပဲ ဝင်ငွေအရလည်း အနည်းငယ်သာ ရှိခဲ့တာကြောင့် နောက်ထပ် ထွက်ရှိလာမယ့် ဇာတ်ကားကို ပရိသတ်တွေ အကြိုက် မတွေ့ကြမှာကို ကက်ထရီနာကိဖ်က စိုးရိမ်နေခဲ့တာပါ။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဘောလိဝုဒ် ကြယ်ပွင့်ဟာ လက်ရှိ အချိန်အထိ အောင်မြင်တဲ့ မင်းသမီး တစ်ယောက်အဖြစ် ရပ်တည်နေဆဲ ဖြစ်ပေမယ့် သူမရဲ့ ရုပ်ရှင်ကားတွေအပေါ် ပရိသတ်အကြိုက် မတွေ့မှာ စိုးရိမ်နေရပါတယ်။

“ကျွန်မကို ဇာတ်ကားတွေ ရွေးပြီး မရိုက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝေဖန်နေကြတဲ့သူတွေ ရှိပါတယ်။ ကျွန်မ အနေနဲ့ကတော့ လာပြီး ကမ်းလှမ်းသမျှ ရုပ်ရှင်တွေကို လက်ခံတာပါပဲ။ အနုပညာရှင် တစ်ယောက်အတွက်တော့ ဒါဟာ စိန်ခေါ်မှု တစ်ခုလည်းဖြစ်ပါတယ်။ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ရုပ်ရှင် တစ်ကားမှာ ဘာလို့ သရုပ်ဆောင်ချင်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး အကြောင်းပြချက် ကောင်းကောင်း တစ်ခုတော့ ကျွန်မမှာ အမြဲရှိတယ်”လို့ ကက်ထရီနာကိဖ်က ဆိုပါတယ်။

Ref : firstpost.com


  • VIA