News

POST TYPE

RELAX

အဘူဆေယက်ဖ် အကြမ်းဖက် သမားတွေကို အရှင်လတ်လတ် ဝါးစားပစ်မယ်လို့ ဖိလစ်ပိုင်သမ္မတ ဆို
06-Sep-2016
ဒီတစ်ခါတော့ အကြမ်းဖက်သမားဆိုတဲ့ အစ္စလာမ္မစ် အစွန်းရောက်တွေ ပြေးပေါက် ရှာရမယ့်အလှည့် ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး ဂိုဏ်းသားတွေကို ရက်ရက်စက်စက် လိုက်လံ သုတ်သင်နေတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ အကြမ်းဖက်သမားဆိုတဲ့ လူတွေကိုလည်း အရှင်လတ်လတ် ဝါးစားပစ်မယ်လို့ ကြိမ်းမောင်းလိုက်ပါတယ်။

ဒုစရိုက်သမား နှိမ်နင်းရေးမှာ အရှင်မဖမ်းကြေး မူဝါဒကို ကျင့်သုံးတဲ့ ဖိလစ်ပိုင် သမ္မတဟာ ခုထိ လူထုထောက်ခံမှု ရေချိန် မြင့်မြင့်မားမား ရရှိနေတုန်း ဖြစ်ပါတယ်။ 

အမေရိကန်သမ္မတ အိုဘားမားအနေနဲ့ ပြည်တွင်းရေး ကိုင်တွယ်ပုံကို လာရောက် ဝင်ပြောပါက ပြည့်တန်ဆာမသားဟု ဆဲပစ်လိုက်မယ်လို့ ပြောဆိုခဲ့ပြီးနောက် အကြမ်းဖက်သမားများဘက် ခြေဦးလှည့်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတဒူတာတေးရဲ့ မွေးရပ်ဇာတိ ဒါဗာအိုမှာ ဗုံးပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ ပြီး ၁၄ ဦးသေဆုံးကာ  ၆၇ ဦး ဒဏ်ရာ ရရှိခဲ့ရပါတယ်။

အယ်လ်ကေဒါအဖွဲ့နဲ့ ဆက်စပ်တဲ့ အကြမ်းဖက်အဖွဲ့ အဘူဆေယက်ဖ်အဖွဲ့က အဆိုပါ ပေါက်ကွဲမှုဟာ မိမိတို့နဲ့ မသက်ဆိုင်ပါကြောင်း ထုတ်ပြန် ပြောကြားခဲ့ပါသေးတယ်။ 

အကြမ်းဖက်သမားဆိုတဲ့ အကောင်တွေဟာ ပြန်လည် အဖတ်ဆည် အခွင့်အရေး ပေးရမယ့် အကောင်တွေ မဟုတ်ဘူးလို့လည်း ဒူတာတေးက ဆိုပါသေးတယ်။

“ရင်ဆိုင်များတွေ့လို့ကတော့ အရှင်လတ်လတ် ဝါးစားပစ်မယ်။ အရေဆုတ်ပြီး၊ ရှာလကာရည်လောင်း၊ ဆားနဲ့တို့ပြီး စားပစ်မယ်”လို့ ဒူတာတေးက ပြည်သူ့တွေ့ဆုံပွဲ တစ်ခုမှာ ပြောခဲ့ပါတယ်။

ဖိလစ်ပိုင် သမ္မတဟာ သူ့ရဲ့ ပထမဆုံး နိုင်ငံရပ်ခြား ခရီးစဉ်အဖြစ် အာဆီယံ ထိပ်သီး အစည်းအဝေးကို သွားရောက်ခဲ့ပါတယ်။                        

Ref : UPI 


  • VIA