News

POST TYPE

RELAX

ဘီယွန်းဆေးဟာ သူမရဲ့ အကောင်းဆုံး အသံတွေအတွက် ရုန်းကန်နေရပြီလား
06-Sep-2016
နာမည်ကျော် အမေရိကန် အဆိုတော်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဘီယွန်းဆေးဟာ သူမရဲ့ အသံ စနစ်အတွက် အနားယူဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နယူးဂျာစီမှာ ပြုလုပ်မယ့် တေးဂီတ ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းလိုက်ပါတယ်။

ဒီသတင်းက အင်တာနက် စာမျက်နှာတွေပေါ်မှာ ပြောစရာ အများဆုံးဖြစ်ခဲ့ပြီး တစ်ချိန်က အောင်မြင်ခဲ့တဲ့ “Powerhouse singer” (အင်အားကောင်းတဲ့ အသံရှင်) တစ်ဦး အနေနဲ့ လက်ရှိအချိန်မှာ သူမရဲ့ အကောင်းဆုံး အသံတွေအတွက် ရုန်းကန် နေရပြီလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက် လာခဲ့ပါတယ်။

ကမ္ဘာ့နာမည်ကြီး အမျိုးသမီး အဆိုတော်တွေထဲမှာတော့ “Powerhouse singer” တွေအဖြစ် မာရီယာကာရေး၊ စီလင်းဒီယွန်၊ အဒဲလ်၊ ဝှစ်တနီဟောက်တန်၊ ခရစ္စတီးနား အဂွီလီယာတို့နဲ့အတူ ဘီယွန်းဆေးကလည်း တစ်ယောက် အပါအဝင်အဖြစ် ရပ်တည်နေခဲ့တာပါ။

သူမရဲ့ ဆရာဝန် ကိုယ်တိုင်က ဘီယွန်းဆေးဟာ သူမရဲ့ အသံအတွက် အနားယူဖို့ လိုအပ်နေတယ်လို့ မှတ်ချက်ပေးခဲ့ပြီးတဲ့နောက် အသက် ၃၅ နှစ်အရွယ် တေးသံရှင်ဟာ စက်တင်ဘာ ၇ မှာကျင်းပမယ့် ဂီတ ဖျော်ဖြေပွဲကို ရက် ရွှေ့ဆိုင်း လိုက်ပါတယ်။

ဒါပေမယ့် စက်တင်ဘာ ၁၀ ရက်မှာ ပြုလုပ်မယ့် နောက်ထပ် ဖျော်ဖြေပွဲ အတွက်တော့ အဆင်သင့် ဖြစ်နေလိမ့်မယ်လို့ ဘီယွန်းဆေးက ယုံကြည်နေပါတယ်။

Ref : Digitalspy.com


  • VIA