News

POST TYPE

RELAX

အာရှပရိသတ်တွေနဲ့ တွေ့ဆုံဖို့ ကင်ဝူဘင်း စီစဉ်
06-Sep-2016
တောင်ကိုရီးယားရဲ့ ကြယ်ပွင့်မင်းသား ကင်ဝူဘင်းကတော့ လာမယ့် အောက်တိုဘာလထဲမှာ အာရှနိုင်ငံတွေက ပရိသတ်တွေနဲ့ သွားရောက်တွေ့ဆုံမယ့် အစီအစဉ်ကို စတင်ပါတော့မယ်။

“2016 Kim Woo-bin Fan Meeting Spotlight” လို့ နာမည်ပေးထားတဲ့ ဒီခရီးစဉ်မှာ ဂျပန်၊ တရုတ်၊ ထိုင်း၊ ထိုင်ဝမ်၊ ဟောင်ကောင် စတဲ့ နိုင်ငံတွေကို သွားရောက်ပြီး သူ့ရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံမှာပါ။

ဒီခရီးစဉ်ကို အောက်တိုဘာ (၃) ရက်နေ့မှာ စတင်မှာ ဖြစ်တယ်လို့ ဝူဘင်းရဲ့ အေဂျင်စီက ကြေညာထားပြီး တွေ့ဆုံပွဲမှာ ပါဝင်လိုတဲ့ ပရိသတ်တွေ အနေနဲ့ လက်မှတ်တွေကို အွန်လိုင်းကနေ တစ်ဆင့် စတင်ဝယ်ယူနိုင်ပါပြီလို့လည်း ကြေညာလိုက်ပါတယ်။

တစ်ဆက်တည်းမှာပဲ ကင်ဝူဘင်းနဲ့ ဆူဇီတို့ သရုပ်ဆောင်ထားကြတဲ့ ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲ Uncontrollably Fond ကို စက်တင်ဘာလအတွင်း စတင်ထုတ်လွှင့်တော့မှာ ဖြစ်တယ်လို့ အေဂျင်စီက ကြေညာလိုက်ပါတယ်။

Ref: Kpopherald